Chapter 20(2/2)

1.7K 95 12
                                    

(Warning for children under 18 years of age🛑)

Zawgyi

ချီးပဲ Seanရေ ဒီကမ္ဘာမှာ မင်းလောက်လည်တဲ့လူ မရှိတော့ဘူး။ အခုဆို ကျွန်​​တော့်​မျက်​နှာက သူမျက်နှာနဲ့​အတော်နီးနေပြီ။ Seanက ကျွန်တော့်အနားကိုပိုနီးကပ်လာပေမယ့် ဘာမှမလုပ်ဘဲ ကျွန်တော့်လက်ကိုဆုပ်ကိုင်ကာ မျက်လုံးကိုစိုက်ကြည့်နေသည်။ အဲ့ဒီ ပြတ်ပြတ်သားသားဆန္ဒကိုပြနေတဲ့ တပ်မက်ခြင်းအပြည့်အကြည့်တွေနဲ့ဆုံမိတဲ့အခါ ကျွန်တော့်တစ်ကိုယ်လုံး ပူထူလာတော့တယ်။ ကျွန်တော် ချွေးတွေတသီတကြီး စီးကျလာပြီး ဘာလုပ်ရမှန်းမသိ ဖြစ်လာတယ်။ပြီးတော့ ရုတ်တရက် ခြေလက်တွေ၊လက်တွေပါ အေးခဲလာတယ်။

ကျွန်တော် မလုပ်ဖူးတာတော့မဟုတ်ဘူး။ ဒါပေမယ့် တစ်ကြိမ်ပဲလုပ်ဖူးခဲ့တယ်လေ။ဒါက ဆိုးရွားတဲ့ ခံစားချက်တော့မဟုတ်ပေမယ့် Seanရဲ့ဆန္ဒက အရမ်းပြင်းပြပြီး ကျွန်တော်ထင်ထားတာထက် အများကြီးပိုအားကောင်းတယ်ဆိုတာ ကျွန်တော်သိထားတယ်လေ။စုံတွဲတွေကြားမှာ ဒီလိုမျိုးကိစ္စတွေအမြဲတွေ့ကြုံလာနိုင်မယ်ဆိုတာ ကျွန်တော်နားလည်ပါတယ်။ ဒါပေမယ့် ကျွန်တော်ကခွင့်တောင်းရမယ့်သူမဟုတ်ဘူးလေ။ များသောအားဖြင့်ယောကျာင်္းလေးတွေက မိန်းကလေးတွေကို ခွင့်တောင်းတာမဟုတ်လား။ အရင်က ကျွန်တော် ရည်းစားရှိခဲ့ဖူးပေမယ့် ဒီလိုတော့ တစ်ခါမှမတောင်းဆိုဖူးဘူး။ကုန်ကုန်ပြောရရင် Seanကိုတောင် မတောင်းဆိုဖူးဘူး။

သူကသာ အမြဲတမ်း အရင်တောင်းဆိုတဲ့သူလေ။ သူ ကျွန်တော့်ကိုဒီလိုလိုချင်နေတာမြင်တိုင်း ကျွန်တော်စိတ်တွေလည်း ပျော့ခွေသွားရတယ်။ ဒါပေမယ့် ကျွန်တော်ဘယ်လိုပြန်ဖြေရမလဲ။ ကောင်းပြီ... လာလုပ်! အဲ့လိုကြီးပြန်ဖြေရမှာလား။

"အဆင်ပြေရဲ့လား White?"
ထို့နောက် Seanက ကျွန်တော့်အနား ချဉ်းကပ်လာတယ်။ "ဒီနေ့ Seanရဲ့စိတ်အခြေအနေ တကယ်မကောင်းဘူး...Whiteက ကိုယ့်ကို နည်းနည်းလောက်ဖြစ်ဖြစ် အားပေးမယ်မလား?"

"အင်း..." ကျွန်တော် ခေါင်းညိတ်ပြလိုက်သည်။

"Shit! ကလေးလေး! မင်းကကိုယ့်ကို အရမ်းစိတ်လှုပ်ရှားစေတာပဲ"

Not Me{Myanmar Translation}Where stories live. Discover now