Chapter 18(1/2)

1.1K 99 11
                                    

Scroll down for Zawgyi
-----------------------
Unicode

"ငါ...ဘယ် ဘယ်တုန်းကပြောလို့လဲ?"

ရိုင်းရိုင်းစိုင်းစိုင်းပြောတဲ့သူတွေကိုမကြိုက်ဘူးလို့ Seanကို ပြောခဲ့တာတွေအကုန် ကျွန်တော်မမှတ်မိပေ။ကျွန်တော်က တစ်ယောက်ယောက်ကို လွန်လွန်ကဲကဲကျိန်ဆဲနိုင်လောက်အောင်ထိ အောက်တန်းမကျသော်လည်း လုပ်(ပြောဆိုဆဲ)တော့လုပ်နိုင်ပါသည်။ Phawwက ကျွန်တော်ကောင်းကောင်းမွန်မွန်ကြီးပြင်းလာဖို့ ပတ်ဝန်းကျင်ကောင်းကိုပဲပေးခဲ့ပြီး ကြမ်းတမ်းတဲ့ စကားတွေကိုလည်း ဘယ်တော့မှ ပြောဆိုခွင့်မပြုဘူး။သို့သော် ကျွန်တော့်သူငယ်ချင်းတွေနဲ့စတင်တွေ့ဆုံတဲ့တစ်နေ့တော့ အရာအားလုံးက ပြောင်းလဲသွားခဲ့သည်။

ကျွန်တော်က အိမ်မှာသာ ယဉ်ကျေးတဲ့သူဖြစ်ပြီးစကားကိုလေးလေးစားစားပြောပေမယ့် ကျောင်းမှာဆိုရင်တော့ ရိုင်းသည်။အတိုဆုံးပြောရရင် ဘဝမှာအယဉ်ကျေးဆုံး အလိမ္မာဆုံးဖြစ်ခဲ့တဲ့ မူလတန်တုန်းကအချိန်တစ်ချို့ကိုတောင် မှတ်မိသေးတယ်။

"ကိုယ်လည်း အဲ့အချိန်တွေကို သိပ်မမှတ်မိဘူး ဒါပေမယ့် White အဲ့လိုပြောခဲ့တာကိုတော့ မှတ်မိတယ်"

"ဒါပေမယ့် ငါ Gramရှေ့မှာရှိတဲ့အချိန်ကျရင်တော့ အဲ့လိုမပြောနဲ့"ကျွန်တော် သူ့ကိုတည့်ပဲပြောလိုက်သည်။

"ငါက Blackမဟုတ်ဘူးဆိုတာ သူတို့ကိုမပြောရသေးဘူး...အခု Seanတစ်ယောက်တည်းပဲ ငါဘယ်သူဆိုတာသိတာ...Yokနဲ့Gramက ငါ့ကိုBlackလို့ ယုံကြည်နေတုန်းပဲ"

"မင်းသူတို့ကို ဘယ်တော့ပြောမှာလဲ"
Seanက ကျွန်တော် ပြန်မဖြေနိုင်တဲ့ မေးခွန်းတစ်ခု မေးတာကြောင့် ပါးစပ်ပိတ်နေရသည်။

"မင်း သူတို့ကို တစ်သက်လုံးလိမ်ထားမလို့လား"

"မဖြစ်နိုင်တာ... တစ်သက်လုံးတော့ ငါမလိမ်ထားပါဘူး"

ကျွန်တော် Seanရဲ့မျက်နှာအခြေအနေကိုတစ်ချက်ကြည့်လိုက်ရင်း ဆက်ပြောမိသည်။

"ငါ့အစ်ကိုပြန်လာတဲ့အထိ စောင့်ဖြစ်လောက်မယ်...အခု Blackက P Danပြောပြလို့ အကုန်သိနေပြီ...အဲ့တာကို ဘာလိုခုထိနှုတ်ဆိတ်နေပြီး ပေါ်မလာလဲ မသိဘူး... ပထမတော့ အကြွေးတောင်းတဲ့သူတွေ သူ့နောက်လိုက်နေလို့ထင်ခဲ့တာ ဒါပေမယ့် တကယ်တမ်းကျတော့ အကြွေးတောင်းတဲ့သူတွေက ပြဿနာရှာရတာကြိုက်တဲ့ ဆိုးသွမ်းတဲ့ကျောင်းသားလေးတွေပါ...သူတို့မှာ ရုပ်ရှင်ထဲကလို သေနတ်တွေ ကြောက်စရာကောင်းတဲ့ အရာတွေတောင် ရှိတာမဟုတ်ဘူး"

Not Me{Myanmar Translation}Where stories live. Discover now