Chapter 14(2/2)

935 106 31
                                    

Zawgyi

"ငါ တခြားသူတွေထက် မင်းအပေါ်မှာခံစားချက်ပိုရှိတယ်"

Seanက ဘာမှပြန်မပြောလာပေမယ့် သူ့သွားအစွယ်လေးနှစ်ချောင်းကို မမြင်မချင်း ပြုံးပြလာလေသည်။

"မင်းဒီလိုပြုံးပြီဆိုတော့ စိတ်မဆိုးတော့ဘူးပေါ့?"
Seanက ကျွန်တော်အမေးကိုပြန်မဖြေလာဘဲ အမေးနဲ့သာတုံ့ပြန်လာသည်။

"မင်းက အကောင်းဆုံးကြိုးစားနေမှတော့ ငါကဘယ်လိုလုပ် ဆက်စိတ်ဆိုးနိုင်မှာလဲ?"

ထိုအခါမှ ကျွန်တော်ဝမ်းသာအားရ ရယ်မောမိတော့သည်။Sean ကတော့ ကျွန်တော့်လက်နှစ်ဖက်ကိုဆွဲယူလာပြီး လက်ခုံကို ညင်သာစွာ နမ်းကာ~

"ဒါဆို မင်းငါ့ဆီက ဘာလိုချင်လဲ?"
Seanကမေးပြီး ကျွန်တော့်လက်ခုံကို အတင်းဖိကပ်နမ်းလာသည်။

ကျွန်တော် သူ့ကို ပြန်ပြုံးပြလိုက်ပြီး
"မင်းနဲ့ ညှိနှိုင်းချင်ရုံ..."

"မင်းကဒီလိုပြုံးပြလာပြီး ငါ့ကို ဘာလုပ်စေချင်တာလဲ?"
Seanက ထပ်မေးလာပြီး ဒီတစ်ကြိမ်တော့လက်အစား ကျွန်တော့်နှုတ်ခမ်းကို နမ်းလာသည်။

"အာ!"
ကျွန်တော်ယားယံတာကြောင့် ရယ်မောမိတော့သည်။ သူကတော့ ကျွန်တော့်ကို ဆက်နမ်းနေတုန်းပင်။

"ဖယ်ပေး!"

ကျွန်တော် ယားယံတာကိုတော့ တကယ်ကြောက်တယ်!။

"မင်း ငါ့ဆီက ဘာလိုချင်လဲလို့ငါမေးနေတယ်လေ..."

Seanရဲ့အနမ်းတိုက်ခိုက်မှုတွေက ရှောင်ဖို့ ကျွန်တော် မျက်နှာကိုဘေးသို့လှည့်ထားမိသည်။လက်နဲ့ပါးစပ်က စကားထက် ပိုမြန်တဲ့ဒီလူ့အကြောင်းကို ကောင်းကောင်းသိတယ်လေ....။

"ငါ မင်းဆီက ဘာမှမလိုချင်ပါဘူးဆို...မင်းနဲ့ ညှိနှိုင်းချင်ရုံပါဆို..."

"မင်းက ငါ့နှလုံးသားကိုလိုချင်နေတယ်လို့ ငါထင်ခဲ့တာ...မင်းအတွက် ငါအဲ့ဒါကို ခွဲထုတ်တော့မယ်ကွာ..."

Seanကပြောပြီးမဆုံးသေး သူ့နှလုံးသားကို ခွဲထုတ်ဖို့ သူ့ရင်ဘတ်ကို ခွဲသည့်ပုံစံပါသရုပ်ဆောင်ပြလာလေသည်။ သူ့အပြောအဆိုအမူအရာတွေကြောင့် ကျွန်တော့်မှာမရယ်ပဲမနေနိုင်တော့ပေ။

Not Me{Myanmar Translation}Where stories live. Discover now