Chapter 10(1/2)

885 123 29
                                    

Zawgyi

//ငါ သူ့ကို အိမ်ကိုခေါ်သွားမယ်//

"Gram"

ကျွန်တော် သူ့နာမည်ကိုညင်ညင်သာသာလေးခေါ်မိသည်။သို့သော် နောက်ဆက်ပြောရမည့်စကားလုံးတို့က ထွက်မလာပေ။ခုန သူပြောခဲ့တာတွေသာ တကယ်အမှန်ဆိုရင်သူက အစ်ကို့အပေါ်တစ်ချိန်လုံး ဂရုစိုက်ပြီး တကယ်ကောင်းခဲ့တာပဲ။

"မင်းပျော်နေတဲ့အချိန် ငါ့အကြောင်းမတွေးလည်း ဘာမှမဖြစ်ဘူး... ငါအဆင်ပြေတယ်...ငါနားလည်တယ်"Gramက သူ့ပုခုံးကိုတွန့်ပြပြီး ကျွန်တော့်ကိုပြုံးပြပြီးနောက် သူ့စာသူပြန်ကူးရေးနေသည်။

သူ့အပြုံး၊သူ့ဒီအပြောတွေကြောင့် သူက ရိုးသားတယ်လို့ ကျွန်တော့်ကိုခံစားရစေသည်။သူက အဲ့ဒါနဲ့ပတ်သက်ပြီး လုံးဝစိတ်မဆိုးပမယ့် ကျွန်တော်ကတော့ သူ့အတွက် တော်တော်စိတ်မကောင်းဖြစ်ရတယ်။

'ငါ အဲ့အတွက် အရမ်းဝမ်းနည်းပြီး တကယ်လည်းစိတ်မကောင်းဖြစ်ရပါတယ်'ကျွန်တော်စိတ်ထဲက ပြောမိသည်။ Blackက အခုကိစ္စမှာတော့ အရမ်းရက်စက်လွန်းသည်၊ Gramကို သူ့စိတ်ခံစားချက်များထုတ်ပြဖို့ ချန်နယ်တစ်ခုအဖြစ်သာ ဆက်ဆံသည်။

"တောင်းပန်ပါတယ်..."
အစ်ကို့ကိုယ်စား တောင်းပန်ပါတယ်။

"စိတ်မကောင်းဖြစ်စရာမလိုပါဘူး...ငါတို့က သူငယ်ချင်းတွေပဲလေ" သူက ပြုံးပြပြန်တယ်။ ကျွန်တော်လည်း သူ့ကို ပြန်ပြုံးပြလိုက်ပြီး သူ့ဆံပင်တွေကို ခပ်ဖွဖွလေးဖွလိုက်တော့ သူက ရယ်လာသည်။

Gramရယ် Yokရယ် Seanရယ်နဲ့ ကျွန်တော့်အစ်ကိုကြားက ပြဿနာကို ကျွန်တော်အရမ်းစိုးရိမ်တယ်....။ သူတို့ကြားမှာ ဘာပြသနာတွေဖြစ်ခဲ့လဲဆိုတာ ကျွန်တော်ခုထိမသိသေးပေ။ကျွန်တော် ဒီကထွက်သွားရမယ့်နေ့ကျရင်ကော သူတို့တွေဘာဆက်ဖြစ်ကြမလဲ...။

အထူးသဖြင့် Seanနဲ့ ကျွန်တော့်ရဲ့ဆက်ဆံရေး....။

နောက်တစ်နေ့မနက်

Gram က မနက် 8 နာရီလောက်မှာ ကျွန်တော့်ကို နှိုးလာသည်။ Luckyကလည်း အခန်းထဲဝင်လာပြီး ကုတင်ပေါ် ခုန်တက်ကာ ကျွန်တော့်မျက်နှာပေါ်ထိုင်ချတော့သည်။ကျွန်တော့်မှာ အသက်ရှုကြပ်ပြီး သေလုနီးပါးပင်။အသိဝင်လာတော့မှ ခွေးကို တွန်းထုတ်လိုက်ရသည်။။Gramကတော့ ဘေးနားကနေရပ်ကြည့်နေပြီး ကျွန်တော့်အဖြစ်ကို ဟားတိုက်နေသည်။ထို့နောက် ကျွန်တော် ပြန်အိပ်ဖို့ စောင်ကို ဆွဲလိုက်ပမယ့် Gramက ကျွန်တော့်ကို ကုတင်ပေါ်ကနေ ဆွဲချပြီး သူ့အပင်တွေကို ရေဝိုင်းလောင်းဖို့နဲ့ ကားရေဆေးဖို့အကူအညီတောင်းလာသည်။

Not Me{Myanmar Translation}Where stories live. Discover now