Chapter 2(2/2)

773 106 11
                                    

Scroll down for Unicode
-------------------
Zawgyi

"Black ဒါကဘာသဘောလဲ?ငါ့ကိုရပြီးပြီဆိုတာ့ ကန်ထုတ်ချင်တာလား!!?"

ဒါကရော ဘယ်လိုပြသနာမျိုးပါလိမ့်!!!။

"Yoji ဘာလုပ်တာလဲဟ!"Gramက လန့်သွားတာကြောင့် အော်မေးလိုက်သည်။ကျွန်တော်ကတော့ ခုထိအတွေးထဲလည်နေတုန်းပင်။

"အေး ဘာဖြစ်လာတာလဲ?"Yokကလည်း မေးသည်။Seanကတော့ ဘာမှမပြောဘဲ တိတ်တဆိတ်သာ အခြေအနေကို ကြည့်နေတုန်း။

ဒီကောင်မလေးက ဘယ်သူလဲဆိုတာ ကျွန်တော်လည်း
ခုထိမသိသေးဘူး။

"Black! အပြင်မှာ အေးဆေးစကားလိုက်ပြောမလား? ဒါမှမဟုတ် ငါ့ကို သူတို့အကုန်လုံးရှေ့မှာ ပြောစေချင်တာလား?"သူမက ကျွန်တော့်စိုက်ကြည့်ရင်း မေးလာသည်။ထို့ကြောင့် Gramက ကျွန်တော့်နားကို ကပ်ပြောသည်။

"မင်း သူနဲ့အပြင်မှာအေးဆေး သွားပြောလိုက်တာ ကောင်းမယ်ထင်တယ်"ကျွန်တော် နှုတ်ခမ်းကိုကိုက်လိုက်ပြီးနောက် အပြင်မှာသွားပြောကြဖို့ဘဲ ဆုံးဖြတ်ချက်ချလိုက်သည်။ထို့နောက် သူမလက်ကိုဆွဲကာ အခန်းထဲကထွက်လာခဲ့လိုက်သည်။တစ်ခန်းလုံးရဲ့မျက်လုံးအကြည့်တွေကတော့....သေချာတယ် သူမနဲ့ ကျွန်တော့်ဆီမှာပေါ့။

//Gram POV//

Black အခန်းထဲကထွက်သွားပြီးနောက် Yokနဲ့ကျွန်တော် အကြည့်ချင်းစုံလိုက်သည်။အခုမျက်စိတစ်မှိတ်အတွင်း ဖြစ်သွားတဲ့ အဖြစ်အပျက်တွေရဲ့ အရင်းအမြစ်ကို ကျွန်တော်တို့လည်း သိဖို့လိုနေတယ်လေ။Yokနဲ့ ကျွန်တော် အဖြေရှာဖို့ Seanကိုတစ်ဆင့် ဆက်ကြည့်လိုက်သည်။Seanကတော့ ပုံမှန်အတိုင်း သူ့ရဲ့ခံစားချက်မရှိတဲ့မျက်နှာနဲ့ ထိုင်မြဲထိုင်နေတုန်း။

"Sean..ငါတို့လည်းလိုက်သွားရအောင် . သူတို့ကို အဝေးကနေ စောင့်ကြည့်သင့်တယ်...ငါBlack အတွက် စိတ်ပူတယ်"ကျွန်တော်ပြောလိုက်ပြီးနောက် Yokက ဆက်ပြောသည်။

" အစတည်းကငါပြောခဲ့သားဘဲ Yojin ကိုမလိုက်ဖို့.....အဲ့တုန်းက သူက စိန်ခေါ်မှုတွေကိုကြိုက်တယ်ဆိုပြီး ဖြစ်နေတာလေ  အခုတော့ အဲ့ကောင် သူရဲ့စိန်ခေါ်မှုတွေကို မထိန်းနိုင်တော့ဘူး" ကျွန်တော်တို့ နှစ်ယောက်စလုံး Black ရဲ့အခက်အခဲကို နည်းနည်းတော့ရယ်လိုက်မိကြသည်။

Not Me{Myanmar Translation}Where stories live. Discover now