Chapter 16(1/2)

1.3K 109 22
                                    

Zawgyi

//ကျွန်တော်တို့ရဲ့သူငယ်ချင်းဆက်ဆံရေးပြိုကွဲဖို့အချိန် ရောက်ရှိလာပြီ//

"Sean... ထူးဆန်းတဲ့ အသံတစ်ခုခု မကြားဖူးလား?"
ဒုတိယအကျော့အပြီးမှာ ကျွန်တော်Sean ကိုမေးမိသည်။အခုဆို ကျွန်တော်တို့နှစ်ယောက်လုံး ရေဆေးဖို့ ပြင်ဆင်နေကြပြီဖြစ်သည်။

"ငါ ကြားတယ်"
သူက ပြန်ဖြေလာသည်။

"ဘာ... ဘာကိုကြားတာလဲ?"

ကျွန်တော် မျက်လုံးတွေကိုကျယ်ကျယ်ဖွင့်ပြီး သူ့ကို စိုက်ကြည့်မိသည်။ စောစောက Sean နဲ့လုပ်နေတုန်းက အပြင်ကနေလည်း ညည်းညူသံတစ်ချို့ကို ကြားရသည်။အဲ့အသံက ကျွန်တော့်တို့ဆီကနဲ့မတူဘူး။ အစကတော့ မူးပြီး လျှောက်ကြားတာလို့ ထင်ခဲ့ပေမယ့် ထိုအသံတွေက ကျွန်တော်ပြီးသွားတာတောင် ငြိမ်သွားချင်းမရှိပေ။

"ခုလေးတင်ပဲ မင်းငါ့နားကပ်ပြီးအော်နေတာကိုကြားတာလေ...ခံစားလို့ကောင်းတယ်မလား?"

သူ့စကားကြောင့် ကျွန်တော် သူ့လက်မောင်းကို ပြင်းပြင်းထန်ထန် ရိုက်လိုက်သည်။သူကတော့ သူ့မျက်လုံးများကို လခြမ်းများအဖြစ်သို့ ပြောင်းလဲသွားသည်အထိ ရယ်ရုံသာရယ်နေသည်။

"မဟုတ်ဘူး...ငါဆိုလိုချင်တာ ထူးဆန်းတဲ့အသံတွေကိုပြောတာ...လူနှစ်ယောက်အတူတူလုပ်နေတဲ့အသံတွေဖြစ်ပုံရတယ်"

"အင်းလေ... ငါတို့ ခုနလေးတင် လုပ်နေတာလေ"

“ငါတို့အကြောင်းကို ပြောနေတာမဟုတ်ဘူးလို့!!အသံတွေက အပြင်က လာပုံရတယ်...Yokနဲ့Gramဆီကတော့ မဖြစ်နိုင်ဘူး…”ကျွန်တော် ထိုကဲ့သို့အရာကိုတွေးပြီး ကြောက်စရာကောင်းလွန်းတာကြောင့် ဆက်မတွေးနိုင်တော့ဘူး။

“သိပ်ချစ်ဖို့ကောင်းမလုပ်နဲ့...”
Seanက ကျွန်တော့်ခေါင်းအနား ငုံ့ချလာပြီး ဆက်ပြောသည်။ "ဒါက မဖြစ်နိုင်ဘူး... ပြီးတော့ ဒီအဆောက်အဦးမှာ ငါတို့ဘဲရှိတာမှမဟုတ်တာ"

"ဒီလိုမျိုးဆူတဲ့လူကို ငါ ဒါပထမဆုံး မြင်ဖူးတာဘဲ..."

သိပ်ချစ်ဖို့ကောင်းမလုပ်နဲ့...?။တကယ်ကြီးလား?သူက လူတစ်ယောက်ကိုဆူပူနေတဲ့အချိန်မှာတောင်မှ ဘာလို့ဒီလောက် ချစ်ဖို့ကောင်းနေတာလဲ?။

Not Me{Myanmar Translation}Where stories live. Discover now