Chapter 11(1/2)

910 106 39
                                    

Zawgyi

//ရိုးရှင်းတဲ့ Seanမရှိတော့ပါ//

"ဟင်း..."

Sean နှုတ်ခမ်းတွေက ကျွန်တော့်နှုတ်ခမ်းအပေါ်ကို ဖိကပ်လာတဲ့အချိန်မှာတော့ ကျွန်တော့်လည်ချောင်းကနေ တိုးတိုးလျလျအသံလေး ထွက်ပေါ်လာသည်။ကျွန်တော့် လည်ပင်းပေါ်ရှိ သူ့လက်တွေက တဖြည်းဖြည်း ကျွန်တော့်ပါးပြင်ဆီသို့ကူးပြောင်းလာသည် ။ သူ့နှုတ်ခမ်းတွေက ကျွန်တော့်နှုတ်ခမ်းတွေကို ညင်ညင်သာသာ စုပ်နေရင်းမှ အောက်နှုတ်ခမ်းဆီကိုသာ ဦးတည်၍ပြောင်းစုပ်လာသည်။

သူ့ရဲ့ အပြုအမူတွေက ညင်သာပြီး အေးအေးဆေးဆေးရှိလှတယ်။ကျွန်တော် "ဟင်း"ဆိုတဲ့ အသံကို ငြီးမိလိုက်တဲ့အချိန်မှာတော့ သူ့လျှာက ကျွန်တော့်နှုတ်ခမ်းနှစ်ခုကြားထဲ တိုးဝင်လာပြီး ကျွန်တော့်နှုတ်ခမ်းတွေကိုလည်း အဆက်မပြတ်စုပ်လာသည်။

သူ့နှုတ်ခမ်းနဲ့လျှာက ငွေမျှင်ရောင်အရည်တန်းတို့ကို ညင်သာစွာတိုက်စားစုပ်ယူနေသည်။ကျွန်တော့်နှုတ်ခမ်းကို မကိုက်မိအောင်လည်းသတိထားနေသည်။

အခုအနမ်းက ကျွန်တော်ဘဝမှာ နမ်းခဲ့ဖူးတဲ့ အရင်ကလူတွေနဲ့လို မတူဘူး။ကျွန်တော် အကြိမ်အနည်းငယ်လောက်ထိ နမ်းဖူးပေမယ့် အကုန်လုံးက နှုတ်ခမ်းချင်း ထိရုံလောက်ပဲ။ကျွန်တော် အထက်တန်းကျောင်းတုန်က ရည်းစားကောင်မလေးတစ်ယောက် ရှိခဲ့တယ်လေ။ကျွန်တော်တို့ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲအတွက် အချိန်အကြာကြီး ကွဲသွားကြပြီးကတည်းက တစ်ယောက်နဲ့တစ်ယောက် ထပ်မတွေ့ဖြစ်ကြတော့ဘူး။ဒါကြောင့် အခုSeanနဲ့လိုအခြေအနေထိ မရောက်ခဲ့ကြပေ။

Sean...ကျွန်တော့်ကို နမ်းနေတဲ့အချိန် ကျွန်တော်တို့နှာခေါင်းတွေအချင်းချင်းကလည်း ပွတ်တိုက်နေကြသည်။သူက တစ်ခါ တစ်ခါသူ့လျှာကိုထုတ်ပြီး ကျွန်တော့်နှုတ်ခမ်းကို လှမ်းယက်သည်။ကျွန်တော် လန့်လန့်သွားရတယ်။သူ့လျှာဖျားက ကျွန်တော့်ရဲ့ ပွင့်ဟနေတဲ့နှုတ်ခမ်းတွေကို ပွတ်ဆွဲသွားတာက ရင်းနှီးမှုယူဖို့ ကြိုးစားနေသလိုပင်။သူက ကျွန်တော့်နှုတ်ခမ်းတွေ ပွင့်ဟစေဖို့မကြိုးစားပေမယ့် ထူးဆန်းစွာဘဲ သူအလိုလိုပွင့်ဟမိနေတဲ့လကျွန်တော့်နှုတ်ခမ်းတွေကြောင့် ကျွန်တော် ကိုယ့်ကိုယ်ကိုယ်အသုံးမကျဘူးလို့ ခံစားရသည်။။ သူ့လျှာက ကျွန်တော့်နှုတ်ခမ်းတွေကို လာလာထိတွေ့တိုင်း ကျွန်တော့်နှုတ်ခမ်းတွေကို အလိုလို တင်းတင်းပိတ်ထားမိသည်။။

Not Me{Myanmar Translation}Where stories live. Discover now