Chapter 1(2/2)

1K 133 5
                                    

Scroll down for Unicode
********************
Zawgyi

"အာ့ဆို လာ...ထ ရေတူတူသွားဝယ်ရအောင်"

"........."

မိနစ်အနည်းငယ်လောက်ကြာတဲ့အထိ ကျွန်တော် ထလည်းမထ ဘာမှလည်းမပြောဘဲ ထိုင်မြဲထိုင်နေတာကြောင့် Seanကထပ်မေးလာသည်။

ူ"ဘာလို့ ထိုင်နေသေးတာလဲ?ငါတို့က သူငယ်ချင်းတွေမဟုတ်ကြတော့ဘူးလား?ရေတူတူသွားဝယ်ဖို့တောင် မရင်းနှီးကြတော့ဘူးလား?"Seanရဲ့ ဒီစကားတွေနားထောင်ပြီးနောက် ကျွန်တော့်မှာဆက်မပေနိုင်တော့ဘဲ တူတူသွားရန်သာ သဘောတူလိုက်ရတော့သည်။

"အဲ့လိုမဟုတ်ပါဘူး လာ သွားရအောင်"ပြောပြီး ထလိုက်တော့ Seanကလည်း ဘေးကနေလိုက်လာသည်။မကြာပေ နောက်က Yokရဲ့အော်သံကို ကြားလိုက်ရတာကြောင့် ပြန်လှည့်ကြည့်လိုက်သည်။

"Gramနဲ့ ငါ့အတွက်က၂ဘူးနော်"

"Ok"Seanကပြန်ဖြေသည်။

ရေဘူးဝယ်တဲ့နေရာရောက်တဲ့အချိန်မှာတော့
ကျွန်တော် အစိုးရိမ်လွန်းပြီး ချွေးတွေပင်တော်တော်ထွက်နေပြီ။စိတ်ထဲမှာတွေးမိတာက ကျွန်တော်Blackမဟုတ်ဘူးဆိုတာသိဖို့ Seanကဟာကွက် ရှာနေသလိုပင်။ကျွန်တော်က Blackနဲ့တူပြီး သူတို့ရဲ့အကျင့်စရိုက်တွေကိုသိနေပမယ့် Blackက သူ့တို့နဲ့ဆိုရင် ဘယ်လိုတွေနေထိုင်လဲဆိုတဲ့ အသေးစိတ်တွေကအစတော့ သိမနေဘူးလေ။

"မင်းကိုဒီနေ့ ကြည့်ရတာ ဘာလို့ ထူးဆန်းနေရတာလဲ? မင်းက အသီးရွက်မစားဘူးလေ..Gramကမင်းအတွက် အဲ့ဒါမှာပေးရင် မင်း Gramကိုဆူဆဲနေကြ~ဒါပမယ့် ဒီနေ့ကျတော့ Gramမှာစားတဲ့အတိုင်းတောင် လိုက်စားသေးတယ်?မင်း ဘာဖြစ်နေတာလဲ?"

ကြည့်ရတာ အရင်ဘဝကကျွန်တော် သူ့အဖေကို သတ်မိပုံဘဲ..။သေချာတာပေါ့ အဲ့တာကြောင့် ကျွန်တော့်ကို ဒီဘဝမှာလွယ်လွယ်နဲ့ လွတ်လပ်ခွင့်မပေးတာ~။

"ငါကလူတစ်ယောက်လေ လူတွေကအကြိုက်ပြောင်းလဲနိုင်တာဘဲ..ပြီးတော့ ဒီနေ့ငါအသီးအရွက်စားချင်တယ်လေ ဘာလဲ စားလို့မရဘူးလား?"

"အဲ့ဒါအမှန်ဘဲလား?"Seanကသူ့ရဲ့မျက်ခုံးတစ်ဖက်ကို မယုံသင်္ကာဖြင့် ပင့်တင်လိုက်သည်။

Not Me{Myanmar Translation}Where stories live. Discover now