Chapter 5(2/2)

716 113 48
                                    

Scroll down for Unicode
----------------
Zawgyi

"ဒီကိစ္စမှာ ငါတို့သာမန်သူငယ်ချင်းတွေမဖြစ်သင့်တော့ဘူး... ငါ မင်းရဲ့ခင်ပွန်းဘဲ ဖြစ်သင့်တယ် "

ကျွန်တော် လန့်သွားရသည်။ "ဘာ... မင်း ဘာ~ဘာတွေပြောနေတာလဲ?"ကျွန်တော် သူဆုပ်ကိုင်ထားသောလက်ကိုရုန်းထွက်ဖို့ ကြိုးစားလိုက်ပမယ့် အတင်းအကျပ်ကိုင်ထားတာကြောင့် အချည်းအနှီးသာ။

ထိုအချိန် Gram က Sean ရဲ့လက်ကို ပုတ်ထုတ်လိုက်ပြီး "P Sean မင်းသူငယ်ချင်းတွေကို မင်းရဲ့ချိုသာတဲ့စကားလေးတွေနဲ့ လာမဖြားယောင်းပါနဲ့.....မင်းလက်ဖဝါးပေါ်မှာ ဒီလောက် ကောင်မလေးတွေရှိနေတာကို မလုံလောက်သေးဘူးလား? "

ထို့အခါမှ Sean ကပုခုံးတွန့်ပြကာ ကျွန်တော်ကိုလွှတ်ပေးတော့သည်။

ကျွန်တော် ကိုယ့်ရင်ဘတ်ပေါ်ကိုယ် လက်တင်ကာစမ်းလိုက်မိသည်။ သြော်....သူကနောက်နေတာလား?။ကျွန်တော် အများကြီး လျှောက်မတွေးခဲ့သင့်ဘူး ...။

"အဲ့အတိုင်း..."
Seanကို ကျွန်တော်တိုးတိုးလေး ပြောလိုက်တော့ သူကလှည့်ကြည့်လာသည်။"ဘာလဲ?"

"Yok နဲ့ပြန်အဆင်ပြေအောင်လုပ်"

သို့သော် သူက ကျွန်တော့်စကားကို
မကြားချင်ယောင်ဆောင်သွားသည်။

"ကျေးဇူးပြုပြီး...သူနဲပြန်အဆင်ပြေအောင်လုပ်ပါကွာ ငါ ဒီမအီမသာ ထူးဆန်းတဲ့ပတ်ဝန်းကျင်ကြီးမှာ မနေတတ်ဘူး"
Sean ကအစပိုင်းတော့ ခံစားချက်မပါတဲ့မျက်နှာသေနဲ့ ကျွန်တော့်ကိုကြည့်နေပြီး ခဏအကြာမှ ခေါင်းညိတ်ပြလာသည်။ ကျွန်တော့်မှာ သူုပြန်အဆင်ပြေအောင်လုပ်ဖို့ သဘောတူလိုက်တဲ့အတွက် အရမ်းဝမ်းသာသွားရသည်။

"အရမ်းချစ်ဖို့ကောင်းတာဘဲ"ကျွန်တော် သူ့ကိုပြုံးရွှင်စွာပြန်ပြောလိုက်သည်။သူက ချက်ချင်းဘဲ ပြန်တုံ့ပြန်လာသည်။

"ငါ ချစ်စရာကောင်းနေတော့ မင်းငါ့ကိုချစ်ချင်လား?"

ဘုရားရေ။ သူကထပ်ပြီး အဲ့လိုတွေပြောနေပြန်ပြီ။ သူ ကျွန်တော့်ကို ခဏလောက်ဖြစ်ဖြစ် လွှတ်ထားပေးလို့မရဘူးလား။

Not Me{Myanmar Translation}Where stories live. Discover now