Chapter 23(2/2)

1.1K 86 9
                                    

Unicode

Sean POV

Whiteနဲ့ဖုန်းဆက်သွယ်မှုကို ရပ်လိုက်ပြီးနောက် ထိတ်လန့်စိုးရိမ်တဲ့အမူအရာပြနေတဲ့ Yok နဲ့ အကြည့်ချင်းဖလှယ်လိုက်ကာ

"Whiteခေါ်တာ"
ကျနော်ပြောလိုက်တယ်။

"အေး...သိတယ် မင်းစကားပြောတာ ဒီလောက်ချိုသာနေတာကြည့်ရုံနဲ့သိတယ်" Gramက ဆိုလာသည်။

"ဒါဆို ငါတို့ ဒီကိစ္စတွေကို အခုပဲအဆုံးသတ်ကြမလား"  Yokကလည်း ဒါကို အရမ်းသိချင်‌နေသည်ထင်။

"ဘလက်နဲ့ ဝှိုက်က အခု သူတို့အဖေအိမ်မှာ"
ကျနော် ပြန်ဖြေလိုက်တယ်။

Ting!

ဝင်လာတဲ့ မတ်ဆေ့ခ်ျအသံကို ကြားရတာကြောင့် ကြည့်ရန်ဖုန်းနှိပ်လိုက်သည်နှင့် Whiteက သူ့အိမ်တည်နေရာကို ပို့ထားတာကို တွေ့လိုက်ရတယ်။

"ငါတို့ အဲ့ကို မြန်မြန်သွားသင့်တယ်...Whiteရဲ့အဖေကလည်း အဲ့မှာဆိုတော့ ငါတို့ဒီကိစ္စတွေကို ပိုပြီးလွယ်လွယ်နဲ့ ရှင်းရှင်းလင်းလင်း ရှင်းပြနိုင်တယ်"ကျွန်တော့်အမြင်ကိုပြောလိုက်တော့ အားလုံးကလည်း သဘောတူပါတယ်။

"ငါတို့အဲ့ကိုရောက်ရင် Blackကိုယုံအောင် ဘယ်လိုပြောရမလဲ" Yokက မေးတယ်။

"အင်း... အဲ့အတွက် ငါတို့ကြိုပြင်ဆင်ထားသင့်တယ်"

"ငါလုပ်လိုက်မယ်"Gramက ဆက်ပြောသည်။ "သူဒေါသထွက်ရင် သူ့ကိုထိန်းချုပ်ဖို့ ငါတာဝန်ယူပေးမယ်"

"အာ့ဆို...Yok မင်း အမှန်အတိုင်းပြောဖို့ပဲလိုတော့တယ်"

"အင်း...သိပါတယ်"
Yok ခေါင်းညိတ်လိုက်သည်။ ထို့နောက် ဝှိုက်ရဲ့အဖေအိမ်ကို ချက်ခြင်းထွက်လာခဲ့ကြတယ်။ ဒီမှာပဲ လမ်းခွဲကြမယ်ပြောတဲ့Gumphaက‌ေတာ့ ကျနော်တို့နဲ့ လိုက်မပါလာတော့ဘူး။

တစ်နာရီလောက်ကြာတော့ White ရဲ့အဖေအိမ်ရှေ့မှာ ကျွန်တော့်ကားကို ထိုးရပ်လိုက်သည်။ကျွန်တော်တို့သုံးယောက် ကားပေါ်မှ ဆင်းခဲ့ကြပြီး တံခါးခေါက်ကာ Whiteထွက်လာတာကို ခဏစောင့်လိုက်သည်။

"ထင်ထားတာထက် ပိုမြန်သားပဲ"
Whiteက ကျွန်တော့်ကို နှုတ်ဆက်လာတယ်။

Not Me{Myanmar Translation}Where stories live. Discover now