Chapter 13(1/2)

971 112 22
                                    

Zawgyi

//မင်းမှာ ငါ့ကို ခွင့်မလွှတ်နိုင်တဲ့အထိ နှလုံးသားမဲ့လို့လား?//

စောစောက ပြင်းထန်တဲ့ အခြေအနေတွေ အပြီးမှာတော့ အခန်းက တစ်ဖန် တိတ်ဆိတ်သွားပြန်သည်။ ပြီးတော့ သူတကယ်ကြီး သူ့ဘာသူ အပြင်ဘက်ကို ပွတ်သပ်နေခဲ့သည်။။ ဒါကို ကျွန်တော်က ဘာကြောင့် ရှင်းပြနေမိတာလဲ!။

အခု ကျွန်တော်တို့နှစ်ယောက်လုံးက ခုတင်တစ်ခုတည်းပ်ါမှာ လဲလျောင်းနေကြတာ...။ အလုံးစုံသာပြီးဆုံးခဲ့ရင် ကျွန်တော် သူ့ကိုဘယ်လိုမျက်နှာချင်းဆိုင်ရမလဲမသိပေ...။ လုံခြုံရေးအရ သူ့ကိုသတိထားရန် ကျွန်တော် ကိုယ့်ကိုယ်ကိုယ် အကာအကွယ်အပြည့်အစုံဝတ်ထားဖို့လိုပြီ...။ အခုအခြေအနေကတော့ Seanက ဘောင်းဘီတိုတစ်ထည်သာ ၀တ်ထားပြီး အဲ့ဒီ့ဘောင်းဘီတိုကလည်း ခါးသို့အတော်လျှောကျနေပြီဖြစ်သည်။ ကျွန်တော်က သူ့ရဲ့ဘောင်းဘီတို အလွယ်တကူနဲ့ကျွတ်သွားမှာစိုးရိမ်နေတဲ့အချိန်မှာ အခြားဘယ်မိန်းကလေးတစ်ယောက်ယောက်သာ Seanရဲ့ဒီပုံစံကိုမြင်ရင်တော့ ရင်ခုန်မိကြမယ်ထင်ပါတယ်...။

အဖြစ်အပျက်တစ်ခုလုံးအပြီးမှာတော့ အရှက်ဆုံးလူက ကျွန်တော်ပဲဆိုတာ ပြောစရာတောင်မလိုတော့ပြီ။အကြောင်းက Seanမျက်နှာမှာ ရှက်ရွံ့မှုအရိပ်အယောင်တစ်စုံတစ်ရာပင် မတွေ့လို့ပေ။ သူကကျွန်တော့ပုခုံးနှစ်ဖက်ကို သူ့ရဲ့ဇနီးမယားတစ်ယောက်လို ပွေ့ဖက်ထားသည်။ စောစောက ကျွန်တော်တို့လုပ်ခဲ့တဲ့အရာတွေအားလုံးက သူ့အတွက် ဘာမှအဆန်းတကြယ်ဖြစ်ပုံမပေါ်ပေ။

သူ ကျွန်တော့်ကို နောက်တစ်ခါ ထပ်ပြီးအုပ်မိုးလာမှာ စိုးရိမ်လို့ ကျွန်တော် သက်ပြင်းအကြိမ်ကြိမ်ချမိသည်။ သို့သော်ကျွန်တော့်ကသာ အစိုးရိမ်လွန်နေတာ...သူ့ကကျွန်တော့်ကို လှည့်လိုက်ပြီး ပွေ့ဖက်ရုံသာပွေ့ဖက်လာသည်။

"ဟာ့..."

သူက ကျွန်တော့်ကိုလှည့်ပြီး ပွေ့ဖက်လာချိန်အတွင်း သူ့လည်ချောင်းက ကမောက်ကမအသံတစ်ခု ထွက်ပေါ်လာတယ်။ကြည့်ရတာ မကြာခင် အိပ်ပျော်သွားတော့မယ်ထင်တယ်။ဒါပမယ့် ကျွန်တော်ရှင်းရှင်းလင်းလင်း သိတယ် အခုတော့ ကျွန်တော်တို့နှစ်ယောက်လုံး လုံးဝကိုနိုးကြားနေတုန်းဆိုတာ။ ကျွန်တော် အခုမံမီတစ်ယောက်လို ရင်ဘတ်ပေါ်ကိုလက်နှစ်ဖက်တင်ကာ တောင့်တောင့်ကြီး လဲလျောင်းနေမိသည်။ Seanကတော့ ကျွန်တော့်ဘက်ကိုမျက်နှာမူပြီး ကျွန်တော့်ခါးကို ဖက်ထားသည်။သူ့နှာခေါင်းက ကျွန်တော်ပါးပြင်နဲ့ အတော်နီးကပ်လွန်းတာကြောင့် သူ့အသက်ရှုသံတိုင်းကို ကျွန်တော်ခံစားနေရသည်။ သူ့အသက်ရှုသံက ကျွန်တော့်ပါးကို လာလာထိတွေ့တဲ့အချိန်တိုင်း ကျွန်တော် ထိန်းမနိုင် သိမ်းမရဖြစ်ကာ တင်းမာလာသည်။

Not Me{Myanmar Translation}Where stories live. Discover now