Chapter 22(2/2)

1.1K 97 24
                                    

Unicode

"ဘာလဲ?"

"ခုဏကကိစ္စကို မင်း စိတ်မဆိုးဘူးလား"

“ဟမ်…”
သူ ကျွန်တော့်ကိုအခုလိုကြီး တိုက်ရိုက်မေးလာမယ် မမျှော်လင့်ခဲ့ဘူး။ Gumphaက အရင်ကတည်းက တဲ့တိုးစကား‌ပြောတတ်တာ ကျွန်တော်သိပါတယ်။ သူစိတ်ထဲမှာ မျိုသိပ်ထားတာထက် အခုလိုအထဲမှာ ပွင့်ပွင့်လင်းလင်း ထုတ်‌ေမးလိုက်တာလည်း ပိုကောင်းပါတယ်။

"ဘာလို့ စိတ်ဆိုးမယ်ထင်တာလဲ ငါမသိဘူး ငါဘာမှမပြောပါဘူး...မင်း ငါ့ချစ်သူကိုသဘောကျတာ..." ကျွန်တော် ပခုံးတွန့်ပြလိုက်ကာ  "ဒါပေမယ့် မင်းတစ်ယောက်တည်းပဲဆိုတာ မင်းကိုယ့်ကိုကိုယ်သတိပေးရလိမ့်မယ်...ဒါက တစ်ဖက်သတ်အချစ်ပဲလို့"

Gumphaက ကျွန်တော့်ရဲ့ ပြတ်သားတဲ့စကား‌ေကြာင့် အံ့သြသွားပုံရတာကြောင့် ကျွန်တော် သူ့ကို ပေါ့ပေါ့ပါးပါးပဲပြုံးပြလိုက်သည်။

"ငါက ပျော့ညံ့တယ်လို့ မင်းထင်ကောင်းထင်နိုင်ပေမယ့် ငါက ငါ့ချစ်သူကိုခိုးဖို့လာသူတိုင်းဆီကိုေတာ့ Seanကို လွယ်လွယ်နဲ့လက်လွှတ်‌ေပးမှာမဟုတ်ဘူး"

"အိုး ဆိုးတာပဲ!"
Gumphaက တိုးတိုးလေး‌ေရရွတ်တယ်။

"..."
ကျွန်တော် ဆက်ပြီးနှုတ်ဆိတ်နေလိုက်ပြီး သူဘာပြန်ပြောမလဲဆိုတာကို စောင့်နေလိုက်တယ်။

"ငါနဲ့ Seanအကြောင်းကိုလည်း မင်းသိပြီးသားဖြစ်မှာပါ" Gumphaက ကျွန်တော့်ကို အရာအားလုံးကို ပြောပြဖို့အဆင်သင့်ဖြစ်နေသလို အေးအေးဆေးဆေးကြည့်လာတယ်။

"ဒီမှာ ဒီအကြောင်းကို မပြောနဲ့ဦး ...Seanက အခု ငါတို့နောက်မှာ ရှိတယ်... သူ နိုးလာပြီး အကုန်ကြားသွားလိမ့်မယ်...ငါတို့အောက်ဆင်းပြီး တစ်ခုခုစားရင်းဖြစ်ဖြစ် စကား‌ပြောရအောင် အဆင်‌ပြေလား?" ကျွန်တော့်အကြံပြုချက်ကိုကြားပြီးနောက် Gumphaက ခေါင်းညိတ်ပြသည်။ထို့နောက် သူနှင့်ကျွန်တော် အခန်းထဲမှ ထွက်လာပြီး အခန်းထဲမှာ Seanတစ်ယောက်တည်း အိပ်ကျန်ခဲ့‌‌ေတာ့သည်။ ကျွန်တော် ပိုက်ဆံအိတ်နဲ့ အခန်းသော့ကိုပြန်ယူကာ အခန်းကနေထွက်လာခဲ့လိုက်သည်။

Not Me{Myanmar Translation}Where stories live. Discover now