Chapter 13(2/2)

905 110 29
                                    

Zawgyi

"မင်းက ငါ့နာမည်ကို ဒီလောက်ချစ်ဖို့ကောင်းအောင်ခေါ်ပြီး တောင်းပန်နေမှတော့ မင်းကို အကြာကြီးစိတ်မဆိုးနိုင်တော့ပါဘူး..."

Yokလုပ်ရပ်က ကျွန်တော့်ကိုရှက်စေသည်။သူကျွန်တော့်ကို စိတ်မဆိုးတော့ဘူးလို့ပြောပြီးသွားပြီဖြစ်ပေမယ့် ကျွန်တော့်နှာသီးဖျားကို နမ်းလိုက်တဲ့ကိစ္စကိုတော့ ကျွန်တော် ဘယ်လိုတုံ့ပြန်ရမှန်းမသိပေ။ သူဘာလို့ဒီလိုလုပ်တာလဲ?။ ကျွန်တော် သူ့ကိုဘာဆက်ပြောရမလဲလည်း မသိတော့ပေ။ Yokကတော့ ကျွန်တော့်ကို ချစ်စနိုးနဲ့ကြည့်နေပြီး ကျွန်တော့်ဆံပင်တွေကိုလည်းဆွဲဖွနေသည်။ ကျွန်တော် ခုနကကိစ္စကို ဆက်ဂရုစိုက်မနေတော့ဘဲ သူ့ကို ပြုံးပြလိုက်သည်။ သူကလည်း ကျွန်တော့်ကို ပြန်ပြုံးပြလာသည်။

"မင်း ဘာလို့ဒီရောက်နေတာလဲ?"
ကျွန်တော်မေးလိုက်သည်။

"ငါ ကိစ္စတစ်ချို့ ဖြေရှင်းစရာရှိလို့ ဒီရောက်နေတာ... Seanအိမ်က ဒီနားမှာမလား? မင်းသူ့အိမ်မှာ တစ်ညအိပ်ခဲ့တယ်လို့ ငါကြားတယ်"

သူ့အမေးကို ကျွန်တော်ခေါင်းညိတ်ပြလိုက်သည်။

ထို့နောက် ကျွန်တော်တို့စကားမဆက်နိုင်ကြခင်မှာပင် P'Son ကကျွန်တော်တို့နောက်သို့ ရောက်လာလေပြီ။ သူက ကုန်ခြောက်အိတ်နှစ်အိတ်ကို သယ်လာပြီး သူပြီးသွားတဲ့အချိန်က ကျွန်တော်တို့လည်း ကိစ္စတစ်ချို့ဖြေရှင်းဖို့ အခွင့်ရခဲ့တယ်လေ။ ကျွန်တော် သူ့အိတ်ထဲက တစ်အိတ်ကိုလှမ်းယူကာ ကူသယ်လိုက်သည်။Yokကလည်း P'Sonကိုတွေ့တော့ ပြုံးပြပြီး နှုတ်ဆက်လာသည်။

"မင်္ဂလာပါ P..."

"မင်းက ဘာလို့ဒီရောက်နေတာလဲ?"

P'Sonက Yokနဲ့တော့ အတော်ခင်မင်ရင်းနှီးပုံရသည်။ အကြောင်းက P'Sonက Yokရဲ့လည်ပင်းကို ပေါ့ပေါ့ပါးပါးဖက်လိုက်ပြီး Yokကလည်း P'Sonရဲ့ကုန်စုံပစ္စည်းများကိုကူသယ်ပေးတာကြောင့်ပင်။

"ကျွန်တော် ကိစ္စတစ်ချို့ ဖြေရှင်းဖို့ ဒီရောက်နေတာ..."

"အရမ်းအလျင်လိုလို့လား? ညစာစားဖို့ လိုက်ခဲ့ကွာ..."
P'Son က သူ့ကို နွေးထွေးစွာ ဖိတ်ခေါ်သည်။

Not Me{Myanmar Translation}Where stories live. Discover now