Chapter 8(2/2)

757 105 11
                                    

Zawgyi

"မင်းခုထိ မပြန်သေးဘူးလား?"
Gramကို ကျွန်တော်တိုးတိုးလေး မေးလိုက်သည်။

*မင်းဘာမင်း စဉ်းစားကြည့်လေ*

ခုနက Seanရဲ့အဖြေက ကျွန်တော့်မေးခွန်းကို လုံးဝရှောင်လွှဲသွားသည်။ငြင်းခြင်းလည်းမရှိသလို သူအကုန်သိတယ်ဆိုတာလည်း ဝန်ခံခြင်းမရှိပေ။ပြီးတာ့ ကျွန်တော်ကလည်း ဘာကြောင့် ဒီမေးခွန်းကိုဘဲမေးနေရသည်ကို ကိုယ်ဘာကိုယ်ပင်အဖြေမထုတ်နိင်ပေ။ကျွန်တော့်အစ်ကိုကလည်း ယနေ့တိုင်Sean...ကျွန်တော့်ကိုကာကွယ်ပေးသမျှအရာအားလုံးကိုဘာလို့ ဒီလောက်မုန်းနေလဲ ကျွန်တော်မသိပေ။

Sean က အရာအားလုံးကို အစကတည်းက သိထားပြီးသားဆိုရင်တောင် ယနေ့တိုင် သူလုပ်ထားတဲ့အရာတွေအားလုံးက ကျွန်တော့်အတွက်ဖုံးကွယ်ပြီး ကျွန်တော့်ကိုကာကွယ်ပေးတာတွေဘဲလေ။ကျွန်တော် သူ့ကိုစစ်မေးနေတဲ့အချိန်မှာတောင် သူကဘာမှ မသိဟန်ဆောင်ပေးသည်။

သူဘာလို့ဒီလိုလုပ်တာလဲ... ကျွန်တော် တကယ်နားမလည်ပေ။

"အေး မပြန်ရသေးဘူး...၊ ငါ မင်းတို့ကိုစောင့်နေတာ Sean ဘယ်မှာလဲ?" Gramမေးတာကို ကျွန်တော် ခေါင်းခါပြလိုက်ပြီး"မသိဘူး"

"မင်းတို့နှစ်ယောက်ကော ရန်ဖြစ်သွားတာလား?" Gram ရဲ့စိုးရိမ်ပူပန်မှုတွေက ကြည့်ရုံနဲ့တင် တကယ်စစ်မှန်တယ်လို့ ခံစားရသည်။ကျွန်တော် သူ့ပခုံးပေါ် ခေါင်းမှီလိုက်သည်။

"ဘာဖြစ်ကြတာလဲ?" Gramက ကျွန်တော်ရဲ့ အပြုအမူကြောင့် စိတ်ရှုပ်သွားပုံရပြီး သူက ကျွန်တော့်ပခုံးကို ပြန်ဖက်လာပြီး" Sean..."

"သူ့အကြောင်း မပြောပါရစေနဲ့တော့...သူဘာသူဘယ်သွားသွား"ကျွန်တော် အသက်ပြင်းပြင်းရှူပြီး မတ်မတ်ပြန်ရပ်လိုက်သည်။

"မင်းတို့နှစ်ယောက်ကြား ဘာတွေဖြစ်ခဲ့တာလဲ?"

"Yok ဘယ်မှာလဲ?"

ကျွန်တော်မေးတော့ Gram က သက်ပြင်းချရင်း
"သူ အရမ်းတွေစိတ်လွတ်နေတာ ဘယ်ထွက်သွားမှန်းတောင် ငါမသိလိုက်ဘူး"

"Gram...."ကျွန်တော် သူ့လက်ကောက်ဝတ်ကိုဆွဲကာ ခေါ်လိုက်တော့ သူက ကျွန်တော့်ဘက်လှည့်လာကာ"အင်း?"

Not Me{Myanmar Translation}Where stories live. Discover now