Chapter 3(2/2)

782 113 15
                                    

Scroll down for Unicode
***************
Zawgyi

ဘန်း ဘန်း ဘန်း~

ထိုအချိန် တစ်ယောက်ယောက်က အပြင်က
တံခါးခေါက်လာတော့သည်။ကျွန်တော်လည်း ရုတ်တရက် ထိုဘန်း ဘန်း ဘန်းအသံကြောင့် တုန်တက်သွားရသည်။Seanကတော့ ထိုအသံကြောင့် တံခါးထဖွင့်ရန် ကျွန်တော့်ကို လွှတ်ပေးလိုက်သည်။

"မင်း pauseလုပ်ထားလို့ရတယ်နော်"ကျွန်တော် သူပြောတဲ့စကားကို ကြောင်နေတုန်းပင်။ဒါကြောင့် Seanက သူကိုယ်တိုင်ပင် သရဲကားကို pauseလုပ်ပေးပြီး screenကိုပါ ပိတ်ပေးသွားသည်။

သူသာ အဲ့လိုမပိတ်ပေး၊pauseမလုပ်ပေးသွားရင် ကျွန်တော်လည်း စိတ်အေးအေးချမ်းချမ်းနဲ့နေခဲ့လို့ရမှာမဟုတ်ဘူး။

"မင်းတို့နှစ်ယောက် အဲ့ဒါက ဘာဖြစ်နေတာလဲ?
နှစ်ယောက်စလုံး သောက်လာကြတာလား?"ကျွန်တော် Seanရဲ့ ငြီးတွားသံကိုကြားလိုက်ပြီးနောက် အိမ်ထဲကို Yokနဲ့Gramနှစ်ယောက် ယိုင်တိုင်ယိုင်တိုင်နဲ့ ဝင်လာတာကို လှမ်းမြင်လိုက်ရသည်။

"Black ခေါက်စားပွဲကို သိမ်းပေးပါဦး"
Seanအကူအညီတောင်းတာကြောင့် ကျွန်တော်လည်း ခေါက်စားပွဲကို ခေါက်သိမ်းပြီးထောင့်မှာ ထောင်ထားလိုက်သည်။

ထို့နောက် Yokနဲ့Gramက အောက်မှာထိုင်ချလိုက်ပြီး ကျွန်တော်က Sofaပေါ်မှာထိုင်လိုက်သည်။

"မင်းတို့ ဂျူနီယာတွေကိုမူးအောင်တိုက်တာလား ဒါမှမဟုတ် မင်းတို့ကအစား မူးပေးလာတာလား?"Seanက ကျွန်တော်ဘေးနားမှာ ဝင်ထိုင်ရင်း မေးသည်။

Seanစကားကိုကြားတော့ GramကYokရဲ့ပုခုံးကို တွန်းလိုက်သည်။Yokကမူးနေတော့ ဟန်ချက်မမထိန်းသည်နှင့်အတူ လဲကျလာတော့သည်။သူ့ခေါင်းက ကျွန်တော့်ဒူးခေါင်းနဲ့တိုက်မိတော့မှာမလို့ ကျွန်တော်လက်နဲ့အမြန်ဖမ်းလိုက်ရသည်။Yokကတော့ မျက်နှာတစ်ခုလုံးနီရဲတွတ်နေတာဘဲ။

ကျွန်တော်ခေါင်းနည်းနည်းငုံ့ကာ သူ့ကိုမေးလိုက်သည်။

"မင်း အဆင်ပြေရဲ့လား?"

"ငါ အဆင်ပြေတယ်...ဘယ်သူလဲ ငါ့ကိုသောက်လာတယ်လို့ပြောတာ ဘယ်သူလဲ!ပြောစမ်း..."Yokက အာလေးလျှာလေးနဲ့ပြောလာတော့သည်။ဒါကြောင့် ကျွန်တော်မရီဘဲမနေနိုင်တော့။ချစ်ရတဲ့ brotherရေ...မင်းအခု ဘယ်ရောက်နေလဲဆိုတာ မသိနိုင်လောက်အောင်တောင် မင်းတော်တော်မူးနေပါပြီ...။

Not Me{Myanmar Translation}Where stories live. Discover now