Chapter 9(1/2)

826 109 16
                                    

Zawgyi

//အခုရှင်းပြဖို့ မလိုအပ်ဘူး//

"Seanက ငါ့ကို ခြိမ်းခြောက်တယ်"

Gram နဲ့အတူ အိမ်ထဲဝင်လာရင်း ကျွန်တော်ညည်းညူလိုက်သည်။တံခါးစဖွင့်လိုက်ကတည်းက ဟတ်စကီးခွေးကြီးကလည်း  အပေါက်ဝနေဝင်ဖို့ စောင့်နေသည်။

ကျွန်တော်တို့ဝင်ပြီးတာနဲ့ ထိုခွေးသည် Gramရင်ခွင်ထဲချက်ချင်းပြေးခုန်ဝင်တော့သည်။

"အဲဒါနဲ့ ပတ်သက်ပြီး..."

"အင်း?" Gram က ကျွန်တော့်ကိုကြည့်ရင်း ခွေးခေါင်းလေးကိုလည်း ပုတ်ပေးနေတယ်။ ဒီခွေးလေးက တော်တော်ချစ်ဖို့ကောင်းတာဘဲ!။ ခေါင်းကိုထိလိုက်တာနဲ့ အသံညံညံလေးတွေထွက်လာသည်။

"မင်းခွေးက ကိုက်လား?"

"ဟင့်အင်း မကိုက်ဘူး..."

"သေချာတယ်နော်?"ကျွန်တော် ထပ်ပြီး အတည်ပြုရန်ကြိုးစားလိုက်သည်။ထို့စဉ် Gram က ဟက်ဟက်ပက်ပက် ရယ်လာပြီး "ငါ့ကို မကိုက်တာသေချာပမယ့် မင်းကိုတော့ ကိုက်လိမ့်မယ်"

"မင်း! မင်းကွာ!"
ကျွန်တော် သူ့ကိုမကြိမ်းမောင်းဘဲ မနေနိုင်တော့ပေ။

"ငါ သူနဲ့ အတူတူ ဆော့နေကြ...။ ငါ့ခွေးက ငါ့လိုဘဲ အမူအကျင့်ကောင်းတွေ ရှိတယ်...မင်းသာ လာမကိုက်ရင် N' kyကလည်း မင်းကိုပြန်ကိုက်မှာမဟုတ်ဘူး"

"ငါက ရူးနေလို့ ခွေးကိုသွားကိုက်ရမှာလား!?ဒါနဲ့ နာမည်ကဘာလဲ? မေ့သွားလို့..."ကျွန်တော်Gram နံဘေးမှာ ငုတ်တုတ်ထိုင်ချရင်း ပြန်ပြောလိုက်သည်။"

"မင်း ငယ်ငယ်ရွယ်ရွယ်နဲ့ မေ့တတ်နေပြီပေါ့? ဘာလို့ အကုန်လုံး မေ့ဘဲမေ့နေတာလဲ!? နာမည်က Lucky..."

“Lucky”ကျွန်တော် အော်ခေါ်လိုက်တော့ အမြီးလေးလှုပ်ရမ်းပြီး အသံပေးလာသည်။ကျွန်တော် လက်လေးဖြင့် ခေါင်းလေးကို ဖွဖွလေးထိကြည့်လိုက်သည်။တော်သေးတယ်....ကျွန်တော့်ကို မကိုက်လာဘူး။ ခုချိန် Luckyက အရမ်းချစ်စရာကောင်းတယ်ဆိုတာဘဲ ကျွန်တော်သိသည်။

"အိမ်ထဲဝင်ရအောင် Ky..." Gram က ခွေးလေးကို ပေါ့ပေါ့ပါးပါးလေး တွန်းကာပြောလိုက်သည်။Luckyက ဧည့်ခန်းထဲရောက်တာနဲ့ ဆိုဖာပေါ်မှာ မထိုင်ခင် Gramဆီပြေးလာပြီး အဆက်မပြတ်ဟောင်နေတော့သည်။

Not Me{Myanmar Translation}Where stories live. Discover now