Chapter 21(2/2)

1K 79 6
                                    

Zawgyi

"စဉ်းစားကြည့်တော့ ငါလေ မင်းအိမ်မှာထပ်အိပ်ချင်သေးတယ် လေကောင်းလေသန့်ရတဲ့ 7Elevenတံခါးဝလေးမှာ ချစ်စရာခွေးလေးတွေနဲ့အတူ ခေါက်ဆွဲစားချင်သေးတယ်" ကျွန်တော်ပြောပြီး Gramကို တိတ်တဆိတ်ကြည့်လိုက်တော့ ပုံမှန်အတိုင်း ကျွန်တော့်နောက်က သူလိုက်ပြောလာမယ်လို့ မျှော်လင့်နေမိတယ်။ သို့သော် Gramက ထိုသို့မလုပ်လာဘဲ ရုတ်တရက် လမ်းလျှောက်တာကို ရပ်လိုက်တာကြောင့် ကျွန်တော် သူ့ကိုအံ့သြတကြီး စိုက်ကြည့်ကာ "မင်းကရော?" Gramက ကျွန်တော့်ကိုအဖြေမပေးလာဘူး။ သူဘာပြန်ပြောရမှန်းမသိအောင် စိတ်ရှုပ်နေတဲ့ပုံပဲ။

"Gram?"
ကျွန်တော် သူ့ကိုထပ်ခေါ်လိုက်သည်။

"အဲ့မှာ ဘာမှလည်းမရှိဘူး"
နောက်ဆုံးတော့ သူက ပြုံးစိစိနဲ့ကျွန်တော့်မေးခွန်းကို ရှောင်လိုက်သည်။ကျွန်တော် အသက်ပြင်းပြင်းရှူမိတော့တယ်။

ကျွန်တော်တို့ အေးအေးဆေးဆေး စကားပြောဖို့ နေရာရှာသင့်ပြီ ထင်တယ်။ အချင်းချင်း စကားပြောဖို့လိုအပ်ပြီ။ နောက်ဆုံးတော့ Gramနဲ့ကျွန်တော်ရေဝယ်တဲ့ကောင်တာနားက ခုံတစ်ခုကို တွေ့လိုက်တယ်။ Green tea တစ်ခွက်ဝယ်ပြီး Gramကနည်းနည်းသောက်ကြည့်လိုက်ပေမယ့် သူ့ကိုကြည့်ရတာ သောက်သာသောက်နေပြီး အရသာကိုသိတဲ့ပုံလည်း မပေါ်ဘူး။

"ဘာပဲဖြစ်​ဖြစ်​...မင်း ဘာဖြစ်နေတာလဲ ငါ့ကို ​ပြော​လို့ရမလား" ကျွန်တော် အရင်စပြောလိုက်သည်။ "အရင်ဆို မင်းက စကားအများကြီးပြောနေတတ်တာ မင်းကိုယ်တိုင်သိတယ်မဟုတ်လား? မင်းအခုလိုဖြစ်နေတာ မင်းစိတ်ထဲမှာ တစ်ခုခုရှိနေတယ်လို့ဆိုလိုတာပဲ ဒါကြောင့် ငါတောင်းပန်ပါတယ်... မင်းဘာမှမဖြစ်ဘူးလို့ မလိမ်ပါနဲ့"

ကျွန်တော် အခုလိုပြောတာကိုမြင်တော့ Gram က သူ့လက်တွေကို ဒူးပေါ်တင်ပြီး ခေါင်းကို အနည်းငယ်ငုံ့လိုက်တယ်။ နောက်တော့ သူ့ခံစားချက်တွေကို ထုတ်ပြောလာတယ်။

"ငါ ဘာလို့ဒီလိုတွေလုပ်နေမိလဲငါမသိဘူး ဘာပဲဖြစ်ဖြစ် ငါအဆင်ပြေသလိုနေနေပေမယ့် မင်းက Seanကိုချစ်မိသွားပြီလေ"

Not Me{Myanmar Translation}Where stories live. Discover now