Chapter 16(2/2)

1K 96 16
                                    

Zawgyi

ကျွန်တော် သူ့ကို စိတ်ရှုပ်စွာနဲ့ ကြည့်ပြီးပြန်မေးမိသည်။
"မင်း ဘာတွေပြောနေတာလဲ?"

"မင်းစကားကို ကြည့်ပြော"
Seanကပါ သူ့ပုံမှန်အေးစက်စက် လေသံဖြင့် ပြောလာသည်။ Gramကလည်း သူ့ကို လှည့်ကြည့်ကာ"ဘာကိုလဲ?"

"တခြားသူရဲ့ဇနီးကိုဂရုစိုက်စရာအခွင့်အရေး မင်းမှာဘာမှမရှိဘူး" Seanကပြောပြီး ကျွန်​​တော့်​ကို သူ့​နောက်​ဘက်သို့ ဆွဲ​ခေါ်သည်။

အာ့! ဘာတွေလဲ! မင်းတို့တွေ ဒီကိစ္စနဲ့ပတ်သက်ပြီး ညှင်ညှင်သာသာလေးမလုပ်နိုင်ကြဘူးလား?။ငါ့မှာ တစ်ကိုယ်လုံးကိုက်ခဲနေတာကို!။

"မိုးတောင်လင်းနေပြီကို...မင်းတို့တွေက ဘာလို့အသိစိတ်မဝင်ကြသေးတာလဲ?" အခုဘာတွေဖြစ်နေကြဆိုတာကို ကျွန်တော်နားမလည်နိုင်တော့တာကြောင့် မေးမိသည်။ မနေ့ညက ကျွန်တော် Sean နဲ့ အိပ်ခဲ့တယ်လေ...။ကျွန်တော် အဲ့အဖြစ်အပျက်ကိုတော့ လုံးဝမမေ့ဘူး။ ဒါက ကျွန်တော့်ရဲ့ပထမဆုံးအကြိမ်ဖြစ်ပြီး ကျွန်တော် ခုထိတောင်နည်းနည်းရှက်နေသေးတယ်...။

"Black သရုပ်ဆောင်နေတာကို ခုရပ်လိုက်...Seanကိုပြောပြလိုက်"Gramက လေးလေးနက်နက်ကြီးပြောလာတယ်။

"ဘာ...ဘာကိုပြောရမှာလဲ?"
သူပြောတာကို ကျွန်တော်တကယ်နားမလည်တော့ဘူး။

Gramက အသံကိုမြှင့်ကာထပ်ပြောလာသည်။
"ငါတို့ကြားမှာ ဘာဖြစ်ခဲ့လဲဆိုတာ ပြောပြလိုက်!"

"မင်းတကယ်လိုချင်တာက ဘာလဲ?"
Seanက အလွန်ဒေါသထွက်စွာဖြင့် စိုက်ကြည့်လာသည်။

"ငါ သူ့ကို အမှန်အတိုင်းပြောစေချင်တယ်!"
Gramကလည်း ပြန်အော်သည်။

ဟမ်? အခု တကယ်ဖြစ်နေတဲ့ပြသနာကဘာလဲ?။ကျွန်တော် တကယ်စိတ်ရှုပ်လာပြီ...။

"အမှန်အတိုင်း? မင်းက ဘယ်လိုတောင်အသိဉာဏ်မရှိတော့တာလဲ" Seanရဲ့ စကားလုံးတွေကြောင့် ကျွန်တော့်အတွေးထဲစီးမြောရပြန်သည်။

Gramက သူ့ဆံပင်ကို သပ်တင်လိုက်ပြီး
"ငါနဲ့ Black အတူနေပြီးပြီလို့ ပြောရင် မင်းဘာပြောချင်သေးလဲ?"

Not Me{Myanmar Translation}Where stories live. Discover now