Chapter 17(2/2)

1.1K 90 9
                                    

Scroll down for Zawgyi
--------------
Unicode

"မင်းရဲ့တည်နေရာကိုပြော...Sean မင်းကိုကားနဲ့လာခေါ်မယ်"

အခုWhiteနဲ့စကားပြောတာကိုကြည့်ခြင်းဖြင့် ကျွန်တော် ကိုယ့်နာမည်ကိုယ်သုံးပြီး ပြောင်းပြောတာကိုတွေ့ရလိမ့်မယ်။အမှန်အတိုင်းပြောရရင် ကျွန်တော်အခုလိုမျိုးWhiteနဲ့စတွေ့တဲ့အချိန်ကတည်းက ပြောချင်ခဲ့တာ။

ကြမ်းတမ်းတဲ့စကားတစ်လုံးကိုမှ သူ့ကိုပြောချင်တာမဟုတ်ဘူး။ဒါပမယ့် အခြေအနေတွေတစ်ချို့ကြောင့်သာ ပုံမှန်အတိုင်းBlackကိုပြောသလိုမျိုး သူ့ကိုလည်းပြောဆိုဆက်ဆံရတာ။

(T/N-Seanပြောတဲ့ ကြမ်းတမ်းတဲ့စကားလုံးဆိုတာ Gu/Meungတို့ကိုဆိုလိုတာ...မြန်မာမာဆို မင်းနဲ့ငါပေါ့...။ပုံမှန်ဆို မင်းနဲ့ငါက သူငယ်ချင်းတွေကြားမှာပဲ အသုံးပြုကြတာမလား?။Seanက အဲ့လိုမသုံးချင်ပဲ အချင်းချင်းကိုယ့်နာမည်ကိုယ်သုံးပြီး Whiteနဲ့ Seanဆိုပြီးပြောချင်တာ)

ဒါပမယ့် အခုကျွန်တော်အဲ့လိုပြောနေစရာမလိုတော့ဘူး။ဘာလို့လဲဆိုတော့ ကျွန်တော်ရောWhiteရော နှစ်ယောက်လုံးအမှန်တရားကို သိပြီးသွားကြပြီလေ။

*Yu Charoenဈေးမှာ...မင်းသိလို့လား?*
ကျွန်တော် မျက်ခုံးတွေလှုပ်သွားရသည်။အဲ့နေရာက...

"မြန်မြန်အဲ့နေရာကထွက်လာပြီး ဈေးရှေ့မှာစောင့်နေ...အခု Dan မင်းအနားမှာရှိလား?သူနဲ့နေနော်...သူနဲ့မကွဲစေနဲ့"

*Sean...ဘာလို့အဲ့လောက်အသည်းအသန်ဖြစ်နေတာလဲ?
ဘာဖြစ်လို့လဲSean?* Whiteက သိချင်စွာဖြင့်မေးလာသည်။

"ဘာမှမဖြစ်ဘူး...ဘယ်မှလျှောက်မသွားပဲ ခဏပဲစောင့်နော်...Sean အခုလာနေပြီ"

*အာ...အေးပါ*

ကျွန်တော်ဖုန်းကိုချပြီး ချက်ချင်းထိုဈေးသို့ဦးတည်ခဲ့သည်။ကံကောင်းစွာပဲ ကားပါကင်အတွက်နေရာရခဲ့ပြီး Whiteကကားထဲဝင်လာသည်။တော်သေးတယ်...သူ့ကြည့်ရတာ အဆင်ပြေနေပါသည်။Danကတော့ သူနဲ့အတူကားထဲထိတော့ မလိုက်လာပေ။အကြောင်းကတော့ ကျွန်တော်တို့နဲ့အတူလိုက်ဖို့ လုံးဝရည်ရွယ်ချက်မရှိတဲ့ပုံပင်။ကျွန်တော်ကလည်း သူ့ကိုကားပေါ်ခေါ်တင်ဖို့စိတ်ကူးလုံးဝမရှိပေ။သူကတော့ မကျေမနပ်ဖြင့် ခေါင်းတစ်ချက်ညိတ်ပြကာ နှုတ်ဆက်သည်။

Not Me{Myanmar Translation}Where stories live. Discover now