Chapter 7(2/2)

760 105 12
                                    

Zawgyi

*ငါတို့က သူငယ်ချင်းတွေမဟုတ်တော့ရင်ကော မင်း ငါစားဖို့အတွက် ဆက်ပြီးဝယ်ပေးနေဦးမှာလား*

သူ့မေးခွန်းကို ကျွန်တော် သိပ်နားမလည်ပေ။

"မင်းက ရူးနေတာများလား? ငါလာနေပြီ တံခါးဖွင့်ပေး"

*အိုကေ*

ကျွန်တော်ဖုန်းချလိုက်ပြီး အခန်းဆီကို လျှောက်သွားလိုက်သည်။တခဏအကြာမှာဘဲ တံခါးကချက်ချင်းပွင့်လာသည်။Sean ကျွန်တော်ရောက်နေပြီဆိုတာကို သိနေသလိုမျိုး။

သူက ကျွန်တော့်ဆီက အိတ်တွေအားလုံးကိုဆွဲပြီး စားပွဲပေါ်တင်လိုက်သည်။ကျွန်တော်ကတော့ သူ့နောက်ကနေ တံခါးကို သော့ခတ်ပြီ လိုက်ဝင်လာသည်။

"ဘာလို့ ဒီလောက်အများကြီး ဝယ်လာတာလဲ”
သူက အိတ်တွေအားလုံးကို ကြည့်ရင်း မေးလာတာကြောင့်
ကျွန်တော် ပြန်ဖြေလိုက်သည်။

"မင်းကအများကြီးစားလို့ အဲ့လောက်အများကြီးဝယ်လာရတာပေါ့”

"ဒါတွေ ပန်းကန်ထဲပြောင်းထည့်လိုက်မယ်"သူကပြောပြီး အိုးခွက်ပန်းကန်တွေ သွားယူကာ စားစရာတွေ အားလုံးကို ပန်းကန်တွေထဲ လောင်းထည့်လိုက်တယ်။ထို့နောက် ကျွန်တော်တို့စတင်စားကြသည်။စားရင်း ကျွန်တော်သူ့ကို Gram အကြောင်းအစပြုမေးလိုက်သည်။

"အာ...Gramကိုကြည့်ရတာ ဒီနေ့ အရမ်းဒေါသထွက်သွားပုံရတယ်...သူငါ့ကို အကြာကြီးစိတ်ဆိုးနေလောက်မယ်ထင်လား?"

"ဆိုးလောက်မှာပေါ့....ဒါပေမယ့် မင်း အဲဒါကိုဂရုစိုက်စရာမလိုပါဘူး...သူ့ဘာသူ အချိန်မရွေးမေ့သွားလိမ့်မယ်"

ထို့နောက် ကျွန်တော် ဆက်မမေးခဲ့ပါ။စားသောက် ပြီးတဲ့နောက် Sean ကပန်းကန်ဆေးဖို့ စေတနာအလျောက် ဆေးပေးသည်။ကျွန်တော်က စားဖို့ဝယ်လာပေးကတည်းက စားပြီးရင် သူကပန်းကန်ဆေးပေးမယ်လို့ ပြောပြီးသားပင်။

အသက်အရွယ်ရလာတာနှင့်အမျှ ဒီနေ့လွန်လွန်ကဲကဲ လမ်းလျှောက်ခဲ့တာကြောင့် အတော့်ကိုပင်ပန်းနေရတယ်။ထို့အပြင် ကျွန်တော့်မှာ ပန်းနာရင်ကျပ်ရှိတာကြောင့် ပင်ပန်းနွမ်းနယ်မှုဖြင့် ခုမှမောလာရသည်။ကျွန်တော် ကုတင်ပေါ်တက်ပြီး ကိုယ့်အသက်ရှူသံကို ကိုယ် တည်ငြိမ်အောင်ကြိုးစားနေလိုက်သည်။

Not Me{Myanmar Translation}Where stories live. Discover now