Chapter 22(1/2)

1K 83 9
                                    

Zawgyi

~GRAM POV~

နောက်ကြောင်းပြန်ခြင်း- ကျောင်းအုပ်ကြီးရုံး

"များသောအားဖြင့် သားက အရမ်းနာခံတဲ့ကလေးတစ်ယောက်ပါ ဘယ်သူနဲ့မှလည်းပြဿနာမဖြစ်ဖူးပါဘူးရှင်...ဒါပေမယ့်ဒီတစ်ခါအဖြစ်အပျက်ကိုတော့ တကယ်မသိတဲ့အတွက် တောင်းပန်ပါတယ် Ronnaphopကို ဘာကြောင့်ဒီလို နာကျင်အောင်လုပ်ရတာလဲဆိုတာ ကျွန်မလည်းတကယ်နားမလည်တော့ပါဘူးရှင့်" ကျွန်တော်အမေကတောင်းပန်နေသော်လည်း Nong Ronnaphopရဲ့မိခင်ဘက်မှလည်း လက်မလျှော့ချင်သေးပေ။

"ဘယ်လိုပဲဖြစ်ဖြစ် သူ့ကိုအပြစ်ပေးရပါမယ်..."
ကျွန်တော့်မျက်နှာတွင် ဒဏ်ရာအနည်းငယ်သာရပြီး လည်ပင်းကို ကုတ်ခြစ်ကာ သူတို့မီးလောင်ရာလေပင့်နိုင်အောင် ကျောင်းအုပ်ရုံးခန်းတွင် ဂရုမစိုက်စွာမတ်တပ်ရပ်နေမိတယ်။ သို့သော် လွန်ခဲ့တဲ့ သုံးရက်က Blackကို တိုက်ခိုက်ခဲ့တဲ့ Ronnachop တနည်းအားဖြင့် Tewဆိုသူကတော့ သူ့ဒဏ်ရာများစွာကို မကျေမနပ်နဲ့ လက်ညှိုးထိုးပြကာ မိခင်ကို ညည်းညူပြရင်းငိုယိုနေသည်။

ဟုတ်ပါတယ်...ကျွန်တော်က လက်ဝှေ့ကို သင်ယူခဲ့ဖူးတာဆိုတော့ သူ ကျွန်တော့်ဆီကနေ ဒီလောက် ဒဏ်ရာရသွားတာ အံ့သြစရာ မရှိပါဘူး။ သူဘာလို့ Blackကို အရင်အနိုင်လာကျင့်သေးလဲ။

"ဟုတ်ကဲ့ နားလည်ပါပြီ... Nong Gramက ဒီလိုဒုက္ခပေးမိလို့ စိတ်မကောင်းပါဘူး" ကျွန်တော့်အမေက ဆရာမကို တောင်းပန်ပြီး ဆရာမRonnaphopနဲ့ ညှိနှိုင်းဖို့ ကြိုးစားတယ်။ထို့နောက် တစ်ဖက်ကချဲ့ကားပြီး ကြီးကြီးကျယ်ကျယ် လုပ်တာကြောင့် ဆေးဖိုးတွေလည်း ခါတိုင်းထက်ပိုပေးဖို့အတွက် သဘောတူခဲ့ရတယ်။

ရန်ဖြစ်တဲ့အတွက် အမေက ဆူပူကြိမ်းမောင်းခဲ့သော်လည်း ရိုက်နှက်ခြင်းတော့ မပြုခဲ့ဘူး။ ကျွန်တော်လည်း ဟိုတစ်ယောက်ကို Blackကိုထပ်ပြီးမနှောက်ယှက်ဖို့ သတိပေးလိုက်ရုံပါပဲ။ ဒီလိုနဲ့ သူလည်းကြောက်ပြီး Blackကိုလာမရှုပ်ဝံ့တော့ဘူးလေ။ညနေရောက်တော့ ကျွန်တော် Blackဆီ ထုံးစံအတိုင်း အတူတူဆော့ဖို့သွားတယ်။ ဘာမှမဖြစ်တဲ့မျက်နှာကို လုပ်ထားလိုက်ပေမယ့် Blackကတော့ ကျွန်တော့်မျက်နှာနဲ့ လည်ပင်းက ဒဏ်ရာတွေကိုသတိထားမိပြီး သံသယနဲ့ မေးတယ်။

Not Me{Myanmar Translation}Where stories live. Discover now