Chapter 1(1/2)

3.3K 125 9
                                    

Scroll down for Unicode
---------------------------
ZAWGYI

//မင်းသူငယ်ချင်းတွေကို မမှတ်မိတော့ဘူးလား?//

University B ဗိသုကာပညာဌာန၌

နောက်ဆုံးတော့ ကျွန်တော် Blackဆိုတဲ့ ကျောင်းသားတစ်ယောက်အနေနဲ့ တက္ကသိုလ်Bကိုရောက်ရှိခဲ့ပြီ။

ကျွန်တော် တကယ့် Blackသူငယ်ချင်းတွေအကြောင်းအကုန် မသိဘူး။သူတို့ပုံမှန်ဆို ဘယ်တွေသွားကြလဲ၊ဘယ်လိုနေကြလဲ၊တစ်ယောက်နဲ့တစ်ယောက် ဘယ်လောက်ထိနီးစပ်ကြသလဲ၊ဘာအကြောင်းတွေ ပြောကြလောက်လဲအစ လုံးဝမသိပေ။Blackကိုလည်း ကျွန်တော်မမေးနိုင်ဘူးလေ။အခုလိုတွေ လုပ်နေတာသာ သူသိခဲ့ရင် သေချာပေါက် Phâawကို ပြသနာသွားရှာလောက်မှာ "ကျွန်တော့်ကို ဂရုမစိုက်ဘဲလွှတ်ထားလို့ ဆိုပြီး"။သူက ကျွန်တော့်အကိုဘဲလေ။ကျွန်တော်ကို သူ့လို တစ်ခုခုထိခိုက်မှာကို စိုးရိမ်နေမှာပေါ့...။

အခု Blackနဲ့တူဖို့ ကျွန်တော့်အပြင်ပိုင်းကို ပြောင်းလဲထားရတယ်။ကျွန်တော် Blackအဝတ်တွေကိုဝတ်ထားတယ်၊ဆံပင်စတိုင်နဲ့ အရောင်ကို ပြောင်းထားတယ်၊အရောင်ကတော့ Blackနဲ့အနီးစပ်ဆုံးဖြစ်အောင် အတတ်နိုင်ဆုံးလုပ်ထားတာဘဲ။ဒါတင်မကသေး နားပေါက်တောင်ဖောက်လိုက်ရသေးတယ်။အစစ်အနေနဲ့ လက်မောင်းမှာ တက်တူးလဲထိုးလိုက်ရတယ်လေ။သေချာတာပေါ့.....ဒါတွေအကုန်လုံးက လုံးဝကျွန်တော်စတိုင်မဟုတ်ပေ။ဒီပုံစံနဲ့သာ Phâaw ကျွန်တော့်ကိုမြင်ရင် Jutathepလို လိမ္မာယဉ်ကျေးပြီး ပညာတတ်တဲ့ကလေးတစ်ယောက်က ဒီလိုမျိုးဆိုးရွားတဲ့ပုံစံနဲ့ဖြစ်ရကောင်းလားဆိုပြီး မူးမေ့လဲသွားမှာ...။

(T/N: Jutathepက Thaiရဲ့မြင့်မြတ်တဲ့Family nameပါ)

"ဟေးးး အချစ်ကလေး"

အနီးအနားကနေ ထိုအသံကိုကြားလိုက်တာကြောင့်
လှမ်းကြည့်လိုက်မိသည်။ကောင်လေးတစ်ယောက်က ကောင်မလေးတစ်ယောက်ကို လှမ်းခေါ်လိုက်တာဖြစ်သည်။

"ဟေး~အရင်သွားနှင့်နော်~ပြီးမှ ကိုယ်နောက်က လိုက်ခဲ့လမယ်"

မထင်မှတ်ဘဲ ကျွန်တော်မသိတဲ့စက်ဝန်းတစ်ခုထဲကို
ရောက်သွားသလို ခံစားလာသည်။ဘာလို့လဲဆိုတော့ Blackကလည်း အဲ့လို ကောင်မလေးတွေနဲ့ flirtရတာကြိုက်တယ်ဆိုတာ ကျွန်တော်သိတယ်လေ။ ကျွန်တော်တော့ လိုက်လုပ်ရတော့မယ် ထင်ပါ့။

Not Me{Myanmar Translation}Where stories live. Discover now