Chapter 7(1/2)

797 103 10
                                    

Zawgyi

//လျှို့ဝှက်ချက် ပေါ်လုဆဲဆဲဘဲ//

"Sean စနောက်နေတာ တော်သင့်ပြီ!"
ကျွန်တော်ခေါင်းကို တစ်ဖက်လှည့်လိုက်ပြီး Seanပုခုံးကိုတွန်းလိုက်ကာ ကိုယ်ပေါ်ကဖယ်သွားစေရန် ကြိုးစားလိုက်သည်။

"ငါ မစပါဘူး~လုပ်ပါ မြန်မြန်ဖြေပါကွာ...ငါစောင့်နေတယ်"Sean က ကျွန်တော့်အဖြေကိုနားထောင်ရန် သူ့နားရွက်ကို ကျွန်တော့်နှုတ်ခမ်းနားတိုးကပ်လာသည်။

ကောင်းပြီလေ!။ ကျွန်တော် ပြုံးပြီး သူ့နားကို မှုတ်ထုတ်လိုက်တော့ သူက လန့်သွားပြီး ကျွန်တော့်လက်နှစ်ဖက်ကို သူ့ရင်ဘတ်ဆီကို ဆွဲကာချုပ်ကိုင်လာသည်။

"ဟာ...ဘာလို့မှုတ်တာလဲ!"

ကျွန်တော်ကတော့ ပြုံးနေပမယ့်
သူကတော့ ဒေါသထွက်နေပုံရသည်။

"မင်းအရင် စလုပ်တာလေ"

"သူများတွေကို ဒီလိုလျှောက်မလုပ်နဲ့...Yok နဲ့Gramတို့ကိုလည်း မလုပ်ရဘူးနော်! နားလည်လား?"

"ဘာလို့လဲ?ဒါက ထူးထူးဆန်ဆန်းကိစ္စမှမဟုတ်တာ"

"မလုပ်ရဘူး မရဘူးလို့ ငါပြောနေတယ်နော်!ပြောစကားနားထောင်မှာလား? မဟုတ်ရင် မင်းကို ငါ့မိန်းမဖြစ်အောင်လုပ်ပြစ်မှာနော်"

ကျွန်တော် သူပြောသမျှကို နားစွင့်ရင်းသာပြုံးပြနေလိုက်သည်။ ထို့နောက်သူက ကျွန်တော့်လက်တွေကိုလွှတ်ပေးပြီး ကြမ်းပြင်ပေါ် ပြန်ထိုင်သွားပြီဖြစ်သည်။နောင်အခါတွေမှာလည်း ကျွန်တော် သူပြောသမျှ ချိုမြိန်တဲ့စကားလုံးမှန်သမျှကို ဟာသပြောနေတယ်လို့သာမှတ်ယူပြီး တုံ့ပြန်မည်။ဘာလို့လဲဆိုတော့ သူက သူပြောသမျှစကားတိုင်းကို တကယ်လည်း အလေးအနက်မထားဘူးဆိုတာ ကျွန်တော်သိတယ်လေ။

Sean က ကျွန်တော့ တုံ့ပြန်မှုအပေါ် မကျေမနပ်ဖြစ်ပြီး "ဘာ ပြုံးစရာပါလို့လဲ!?"

"မင်းကချစ်ဖို့ကောင်းလွန်းလို့ ငါပြုံးတာလေ ပြုံးဖို့ကလွဲပြီး ငါဘာလုပ်နိုင်မှာလဲ?"ကျွန်တော် သူ့မေးစေ့ကိုဆွဲကိုင်လိုက်ပြီး မျက်နှာကို ဘယ်ညာလှုပ်ရမ်းလိုက်သည်။

Not Me{Myanmar Translation}Where stories live. Discover now