Chapter 23(1/2)

1K 82 20
                                    

Unicode

Black ပြောတာကို မယုံတာမဟုတ်ပေမ့ ကျနော် တော်တော်တော့အံ့သြသွားရတယ်။

"ဟုတ်ပါ့မလား?Black နားလည်မှုတစ်ခုခုလွဲနေတာဖြစ်မယ်" ကျွန်တော်ပြောပြီး ကျွန်တော့်အစ်ကိုရဲ့မျက်လုံးတွေကိုလည်း လှမ်းကြည့်မိတယ်။ တစ်ချိန်တည်းမှာပဲ Blackမမြင်အောင် ဖုန်းထဲ၌မက်ဆေ့ချ်တစ်ခုကို တိတ်တိတ်လေး ရိုက်လိုက်တယ်။

"နောက်နေတာမဟုတ်ဘူး White... ငါတကယ်ပြောတာ မင်းကိုကာကွယ်ပေးခဲ့တဲ့ မင်းအစ်ကိုကိုယုံစမ်းပါ...အဲ့Seanဆိုကောင်ကြောင့် ငါ မင်းဘဝကိုဘယ်တော့မှပျက်စီးခံမှာမဟုတ်ဘူး!!" Blackက ကျွန်တော့်ကိုမကြည့်ပဲပြတ်သားစွာပြောတယ်။

ထိုအချိန်အတွင်းမှာပဲ ကျွန်တော် စာတိုလေးရိုက်ပြီး Seanကိုပို့လိုက်တယ်။ သူဘာလုပ်သင့်လဲဆိုတာ သူသိ‌ေလာက်မယ်ထင်ပါတယ်။ Blackပြောသလို Seanက တကယ်အန္တရာယ်ရှိတယ်၊ ဆိုးတယ်၊ ကြောက်စရာကောင်းတယ်၊ဘာတယ် ကျွန်တော် မသိဘူး၊ ကျွန်တော်သိတာတစ်ခုက နားလည်မှုလွဲနေတာလို့ ကျွန်တော်ယုံကြည်ထားတယ်။ ကျွန်တော်ထင်ထားတာထက် Sean ကို ပိုယုံကြည်တယ်။

SEAN POV ~

Ting!

ကျနော်၊ Yok၊ Gramနဲ့ Gumphaတို့အကုန်လုံးအလွန်စိတ်ပူပြီး စိုးရိမ်နေတဲ့အချိန်မှာပဲ ကျွန်တော့်ရဲ့ဖုန်းက မက်ဆေ့ခ်ျဝင်သံများ ဆက်တိုက်မြည်လာသည်။ Gumphaကိုယ်တိုင်က Whiteကို သူ့အစ်ကိုက ခေါ်သွားတယ်လို့ ပြောပြထားလို့ သိပြီးကြပြီ။ကျွန်တော် ဖုန်းကို အိတ်ကပ်ထဲက ဆွဲထုတ်လိုက်သည်။

သူမက်ဆေ့ချ်ပို့တာပဲ....

ကျွန်တော် ရေရွတ်ပြီး ဖုန်းမျက်နှာပြင်ကို အမြန်ဖွင့်ကြည့်လိုက်တယ်။

White >> Blackပြန်လာပြီ

Whiteရဲ့စာကို မြင်ပြီးနောက် ကျွန်တော်သက်ပြင်းချလိုက်မိတယ်။White ရဲ့ မက်ဆေ့ချ်က သူ့အစ်ကိုပြန်လာတာကို ဆိုလိုရုံသာမကဘဲ Black ပြန်လာပြီဖြစ်တာ‌ေကြာင့် အမှန်အတိုင်း ပြောပြသင့်တယ် ဒါမှမဟုတ် တစ်ခုခုလုပ်သင့်တယ်လို့ ကျွန်‌ေတာ့်ကိုသတိ‌ေပးလိုက်တာပဲဖြစ်တယ်။ ဒါပေါ့ ဒီကိစ္စက ကျွန်တော်ဖြေရှင်းသင့်တာပေါ့။

Not Me{Myanmar Translation}Where stories live. Discover now