Chapter 11(2/2)

946 113 32
                                    

Zawgyi

"များများစား ကလေး...မင်းလူကောင်က အရမ်းသေးနေတယ်..."Sean အမေက ကျွန်တော့်ပန်းကန်ထဲကို ဟင်းတွေ အဆက်မပြတ်ထည့်ရင်း ပြောလာသည်။ကျွန်တော့်မှာ သူ့ကိုကျေးဇူးတင်ဖို့တောင်အချိန် မရှိပေ။

"အရမ်းများနေပြီ အန်တီ...ကျွန်တော် မကုန်နိုင်လောက်တော့ဘူး"

ကျွန်စကားကြောင့် P'Sonက ကျွန်တော့်ဘက်လှည့်လာပြီး
"အရင်စားကြည့်...P ချက်ထားတဲ့ဟင်းတွေက ကောင်းလွန်းလို့ မင်းမြည်းကြည့်ရုံနဲ့ မလုံလောက်ဘူး ထင်သွားလိမ့်မယ်"

"ဟုတ်ကဲ့..."

ဒီ အိမ်မှာနေတာတောင် သိပ်မကြာသေးပေ။အန်တီက ကျွန်တော့်အပေါ် အရမ်းသဘောကောင်းပြီး P'Sonကလည်း အလားတူ အရမ်းချစ်စရာကောင်းပြီး ကြိုဆိုတဲ့စိတ်ရှိတာကြောင့် ကျွန်တော်မှာ သူတို့နဲ့ စကားပြောရမယ့် အကြောင်းအရာတွေကို ထူးဆန်းတယ်လို့မခံစားရအောင် ကြိုးစားပြီး ထိန်းပြောရသည်။

အစကတော့ P'Son က ကျွန်တော့်လည်ပင်းကို ဖက်ထားတာလေ။သို့သော် Seanက သူ့ကို စူးစူးစိုက်စိုက် စိုက်ကြည့်လိုက်တာကြောင့် သူ့လက်က ကျွန်တော့်ပုခုံးကနေ ချက်ချင်းဖယ်သွားပြီး...

“အိုး...တစ်စုံတစ်ယောက်ပိုင်တယ်ဆိုတာ ငါ မေ့သွားတာ"

သို့သော် Seanက P'Sonဆီမှ သူ့အကြည့်ကို လုံးဝမခွာသေးဘဲ သူနဲ့အကြည့်ချင်းဆုံရန်ကြိုးစားနေပုံရသည်။ထိုအချိန် P'Sonကလည်း ရေထယူတဲ့အချိန်နဲ့တိုက်သွားပြီး Seanတစ်ယောက် အခွင့်အရေးရကာ P'Son ကို သူ့လက်မောင်းဖြင့် ကြမ်းတမ်းတဲ့အားကိုအသုံးပြုပြီး ဝင်တိုက်လိုက်သည်။

"ဒီကောင်လေး!"

P'Sonက နောက်ပြန်ဆုတ်ချင်ပေမယ့် Sean က သူ့လက်မောင်းနဲ့ တားဆီးလိုက်သည်။

"မင်းတို့နှစ်ယောက်လုံး ခုချက်ချင်းရပ်! P'Son နဲ့N'Sean အခုချက်ချင်း ရန်ဖြစ်တာ ရပ်လိုက်လို့ ပြောနေတယ်!!"

အန်တီက သူတို့ရန်ပွဲကို အဆုံးစွန်ထိ ရပ်တန့်စေဖို့ ခြေလှမ်းပြင်ရတော့သည်။ကျွန်တော် သူမပုံစံကိုကြည့်ပြီး ရယ်မောမိတော့သည်။

Not Me{Myanmar Translation}Where stories live. Discover now