Scroll down for Unicode
---------------------
Zawgyiအခြေအနေအားလုံးက တဖြည်းဖြည်းတော့ ပိုကောင်းလာပုံရတယ်။ အင်း...ကျွန်တော်တော့ဒီလိုပဲထင်တယ်။ဘာလို့လဲဆိုတော့ Seanက သူ့ခံစားချက်တွေကို ကျွန်တော့်ဆီတရားဝင်ဝန်ခံခဲ့ပြီးကတည်းက ကျွန်တော်တို့ကြားထဲမှာ ဘာပြဿနာမှမရှိတော့တာကြောင့်ပင်။
အာ... ဒီအချိန်မှာ ခဏလောက်ထပ်စဉ်းစားကြည့်ရအောင်...။ ကျွန်တော့်မှာ ယောက်ျားလေးရည်းစားတစ်ယောက်ရှိတဲ့အပြင် ထိုသူက ကျွန်တော့်အစ်ကို မုန်းတီးနေသူတစ်ယောက်...။ကဲ အားလုံးပဲ ဒီကမ္ဘာပေါ်မှာ ဒီ့ထက်လှပတဲ့အရာတွေများ ရှိသေးသလား။
"Sean~ Yok နဲ့Gramကို ငါဘာလို့မတွေ့ရတာလဲ?"
ကျွန်တော် Sean ကိုမေးလိုက်သည်။ရိုးရိုးသားသားပြောရရင် သူတို့နှစ်ယောက်မရှိရင် တစ်ခုခုလွဲနေသလို ခံစားရတယ်။ အများအားဖြင့် သူတို့က တစ်ယောက်နဲ့တစ်ယောက် အမြဲနောက်ပြောင်ပြီး မရပ်မနား ရန်ဖြစ်နေကြလေ။အခုကျတော့ အဖွဲ့အတွင်း ဆက်ဆံရေးက တင်းမာနေပြီး အလွန်ကိုထူးဆန်းနေတယ်။
"မသိဘူး...သူတို့ Seanကိုလည်း မဆက်သွယ်ဘူး"
Seanက ပြန်ဖြေသည်။"ငါ မင်းကိုပြောထားတယ်လေ...ကျောင်းမှာဆို ပုံမှန်အတိုင်း စကားပြောဖို့"
"ဒါပေမယ့် အခုက ကိုယ်တို့နှစ်ယောက်တည်းလေ...ဒါကြောင့် Sean ဒီလိုမျိုးပြောလို့ရတယ်"
"ပုံကြီးချဲ့နေတော့တာပဲ"
ကျွန်တော် နှုတ်ခမ်းစူမိသည်။"Seanက ပုံကြီးချဲ့နေတာမဟုတ်ပါဘူး...ကလေးလေးကသာ ပုံကြီးချဲ့နေတာပါ..."
အခုအပြင်မှာ ကျွန်တော်တို့နှစ်ယောက်တည်းမဟုတ်တော့ Sean က ကျွန်တော့်ကို Whiteလို့မခေါ်တော့ဘဲ ကလေးလေးလို့ အစားထိုး၍ခေါ်လာသည်။ဟာ... အဲဒါက ဘာလို့ကျွန်တော့်ကို ဒီလောက်ရင်ဖိုစေတာလဲ!။
"ငါတို့အကြောင်းကို ဘယ်သူ့ကိုမှမသိစေချင်ဘူး..."
ကျွန်တော် သူ့အနားသို့တိုးတိုးလေး ကပ်ပြောလိုက်သည်။"Seanကလည်း ဘယ်သူ့ကိုမှ မပြောချင်ပါဘူး ကလေးလေးရာ မင်း အရမ်းအတွေးလွန်နေပြီ" သူအခုထိ အဲ့ကလေးလေးဆိုတဲ့ စကားလုံးကို သုံးတာမရပ်သေးပေ။
YOU ARE READING
Not Me{Myanmar Translation}
RomanceINCLUDES BOTH ZAWGYI AND UNICODE CHAPTER-INTRO+24 START DATE-18.9.2021 END DATE-9.3.2022 FULLY CREDIT TO ORIGINAL WRITER