Chapter 24(1/2)

1.1K 81 11
                                    

Unicode

"White... Sean ကိုစောင့်နေတာလား"
Seanနဲ့ တခြားသူတွေ လေ့လာနေတဲ့တက္ကသိုလ်က ဗိသုကာဌာနရဲ့ မြေညီထပ်မှာ တစ်ယောက်တည်း ရပ်နေတာတွေ့တော့ Gram က ကျွန်တော့်ကို လာနှုတ်ဆက်တယ်။ ယခုဆို ကျနော်ရဲ့ကျောင်းကလည်း သင်ကြားမှုအသစ်တွေ စနေပြီဖြစ်တဲ့အတွက် ကျနော်က ဒီနေရာမှာမသင်ကြားတော့ပဲ ယခင်ဘဝက ကျောင်းသို့ ပုံမှန်အတိုင်းပြန်သွားရပြီဖြစ်တယ်။သူအရှုပ်ထုပ်ဂိုဏ်းနဲ့အတူ ပြန်လာနေပြီဖြစ်တဲ့Blackလည်းအလားတူပါပဲ။

"ဟုတ်တယ်" ကျနော် ပြုံးပြီးခေါင်းညိတ်ပြလိုက်ကာ "သူကော စာမေးပွဲပြီးပြီလား" Gramက ပြန်‌ေဖြရန်ပါးစပ်ကိုဖွင့်တုန်း ရှိသေး နောက်ဘက်မှ အော်ဟစ်ခေါ်သံတစ်ခုထွက်ပေါ်လာတယ်။

"White!!!"
ကျွန်တော့်နာမည်ခေါ်သံနောက်ကိုလိုက်ပြီး မော့ကြည့်လိုက်တော့ အဆောက်အဦးအပေါ်ထပ်ကနေ အော်ခေါ်နေတဲ့Seanကို တွေ့လိုက်ရတယ်။ အော်‌ဟစ်‌ရုံတင်မကပဲ လက်ညိုးနဲ့လက်မကိုအသုံးပြုကာ အသဲပုံသဏ္ဍာန်တစ်ခုကို‌ ဖန်တီးပြသေးတယ်။

ကျနော်ပြုံးပြလိုက်ပြီး သူ့ကိုလှေကားကနေ အောက်ဆင်းလာဖို့ အမူအရာပြလိုက်တယ်။သူကလည်း ချက်ချင်းပဲ ခေါင်းငြိမ့်ပြပြီး လှည့်ထွက်သွားတယ်။

"ဝမ်းတောင်နည်းသွားပြီ"
Gramက မကျေမနပ်ရေရွတ်လာတယ်။

"မင်းလည်း အစ်ကိုနဲ့တွေ့တဲ့အခါကျရင် ဒီလိုပဲမဟုတ်ဘူးလား" ကျနော် သူ့ကိုပြန်ကျီစားလိုက်တယ်။

"Blackနဲ့ငါက သူငယ်ချင်းပဲ"

"မင်းတို့တွေ ဘာတွေလုပ်နေကြတာလဲ...တစ်ခုခုဖြစ်ပျက်သွားတယ်လို့ ငါကြားထားတယ်နော်" ကျနော် မှန်ကန်တဲ့စကားကိုပြောလိုက်‌တော့ Gramက ချက်ချင်းပဲ မျက်လုံးတွေပြူးကျယ်လာပြီး

"အာ... Black ပြောတာလား"
ကျနော် Gramကို ရယ်မိတော့ သူက "သူ မင်းကို ဘာမှဖုံးကွယ်မထားဘူးပဲ"

"ငါပြောသလိုပဲ သူ့ကိုနည်းနည်းလေး အလေးအနက်ပြောကြည့်" ကျနော် Gramရဲ့ပခုံးနဲ့ တံတောင်ဆစ်နဲ့တွန်းလိုက်တော့ သူကသက်ပြင်းချကာ

"သူ့ကို ငါ့ရည်းစားဖြစ်ခိုင်းတာ ဘယ်နှစ်ကြိမ်မှန်းတောင် မမှတ်မိတော့ဘူး ဒါပေမယ့် သူကတော့ အမြဲnoပဲပြောတယ်...သူ ငါ့ကို ဘယ်လောက်အကြာကြီးထိ စောင့်ခိုင်းချင်နေမှန်း ငါလည်းမသိတော့ဘူး"

Not Me{Myanmar Translation}Where stories live. Discover now