Chapter-1

6.8K 383 24
                                    

Unicode

ခြောက်သွေ့နေတဲ့ မြက်ပင်ရှည်တွေကြားမှာ
တိုက်ခိုက်နေကြတဲ့ မျိုးနွယ်စုနှစ်ခု....

ဓားတစ်ချက်ရွေ့လိုက်တိုင်း လအလင်းနဲ့ရောင်ပြန်ပြီးလက်ခနဲဖြစ်သွားတဲ့မြင်ကွင်းက ကြည့်ကောင်းသလိုရှိပေမယ့် မြေပြင်ပေါ်က သွေးကွက်တွေ အလောင်းတွေနဲ့ ယှဉ်တွဲကြည့်ရင်တော့ သိပ်ကိုခြောက်ခြားစရာကောင်းလွန်းနေတယ်။

ထိခိုက်ဒါဏ်ရာကြောင့် နာကျင်စွာညည်းညူသံတွေရယ်၊ ညာ‌သံပေးပြီး ချီတက်တိုက်ခိုက်နေပုံတွေရယ် ပေါင်းစပ်ရင် ဒီနေရာက မနေသင့်တဲ့နေရာတစ်ခုဆိုတာ ယုံမှားသံသယရှိစရာပင်မလိုတော့ပေ။

"သမားတော်လေးကို ကျွန်တော်တို့နဲ့ ပြန်ထည့်ပေးလိုက်ပါ.."

လင်းယုန်နီခေါင်းဆောင်ရဲ့ကိုယ်ရံတော်က Jungkookနဲ့ ညှိနှိုင်းကြည့်ဖို့ကြိုးစားပေမယ့် လင်းယုန်နီဒုတိယခေါင်းဆောင်ကတော့ စကားတစ်ခွန်းမှမဆိုဘဲနေနေခဲ့တယ်။

"သူက ငါ့ကြင်ယာတော်ဖြစ်တဲ့အတွက် ငါနဲ့ပဲအတူရှိနေရမယ်...."

တောင်ဘက် လင်းယုန်နက်မျိုးနွယ်စုရဲ့ သခင်လေးဖြစ်တဲ့ Jungkookက သူ့ဘေးမှာရှိတဲ့ တစ်ကိုယ်လုံးအဖြူရောင်ဝတ်ထားပြီး မျက်နှာတစ်ဝက်ကို ပုဝါနဲ့စည်းထားတဲ့ သမားတော်လေးလက်ကို ခပ်တင်းတင်းဆုပ်ကိုင်ထားရင်း ရှေ့ကိုခြေတစ်လှမ်းတိုးကာ ပြောလိုက်တယ်။

"မျိုးနွယ်မတူတဲ့ လူတွေကပေါင်းစပ်လို့ မဖြစ်နိုင်ဘူး‌ဆိုတာ အမှတ်ရရင် ကျွန်တော်‌တို့နဲ့ပြန်လိုက်ခဲ့ပါသမားတော်လေး.....သမားတော်လေးပြန်မလိုက်ရင် သခင်လေး Jungkook အသက်ကို ထိခိုက်စေပါလိမ့်မယ်....."

မြောက်ဘက်လင်းယုန်နီမျိုးနွယ်ရဲ့ အလေးအမြတ်ထားရတဲ့ သမားတော်လေးကို ရအောင်ခေါ်ဖို့ အတွက် ကိုယ်ရံတော်ဖြစ်သူက နောက်ဆုံးစကားကိုထုတ်ပြောလိုက်ပေမယ့် သမားတော်လေးကတော့ သခင်လေး Jungkookရဲ့ မျက်နှာကိုပဲ မော့ကြည့်နေခဲ့တယ်။

"အစ်ကိုတို့ အတူတူထွက်သွားကြမယ်နော်......"

စကားတစ်ခွန်းမှမပြောပေမယ့် လရောင်ရဲ့အကူအညီနဲ့မြင်ရတဲ့  မျက်လုံးလေးတွေရဲ့စိုးထိတ်‌‌နေမှုကြောင့် သမားတော်လေးရဲ့ လက်ကိုဖျစ်ညှစ်ပြီး Jungkookအားပေးစကားဆိုလိုက်တယ်။

Rose LandWhere stories live. Discover now