မနက်ရောက်လို့ အလင်းရောင်မြင်ရတဲ့အချိန်မှာ သူတို့အိပ်ရာထခဲ့ကြပြီး ရွက်ဖျင်တဲနဲ့ အထုပ်အပိုးတွေကို သိမ်းဆည်းကာခရီးဆက်ဖို့ပြင်ကြတယ်။ မနက်စာစားပြီးနောက်
ဧည့်ဆောင်က ပြန်မထွက်ခင် မီးလင်းဖိုတွေမှာ မီးငြိမ်ပြီးပြီဖြစ်ကြောင်း သေချာအောင် အတည်ပြုပြီးတော့ Jiminက Jungkookကို ခရီးဆက်ဖို့ပြောတယ်။"အဆင်သင့်ဖြစ်ရင် ခရီးဆက်ကြစို့ Jungkook........"
"သွားကြမယ်လေ......"
ကျောပိုးအိတ်ကိုလွယ်လိုက်ပြီး Jungkook က တက်ကြွစွာပြောတယ်။ညဉ့်ဦးပိုင်းကအတွေးများနေခဲ့ပေမယ့် နောက်တော့
နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့တာကြောင့် သူ ဒီနေ့ ပိုပြီးစိတ်ကြည်လင်နေတယ်လေ။ပြီးတော့ Jimin သင်ပေးတဲ့နည်းအတိုင်းလိုက်လုပ်တာ ဒီမနက် အအေးဒါဏ်ကို သူ သိပ်မခံစားရသလိုပဲ။"Rose landမှာ နေထွက်တာကို မြင်ရတဲ့အချိန်ရှိလား Jimin....."
အဆောင်ထဲကနေထွက်လာခဲ့တော့
အပြင်ဘက်မှာ လင်းနေပြီဆိုပေမယ့် Rose Landက နေရောင်ကိုမမြင်ရတဲ့အရပ်ဖြစ်တာကြောင့် မနက်ပိုင်းလို့ သိပ်မခံစားရဘူး။"တစ်ခါတလေတော့ နေထွက်ပါတယ်....
ပြီးခဲ့တဲ့လတွေက နေထွက်တယ်ဆိုတော့.... အခုက နေဝင်တဲ့လလေ.....ဟိုအရင်ကတော့ Augustကနေ Octoberလအထိ နေထွက်တတ်တာ.....ဒါပေမယ့် ဒီနှစ်တော့ နေဝင်၊ နေထွက်တဲ့ အချိန်နည်းနည်းပြောင်းတယ်....."အေးစက်စက်လေအဝှေ့မှာ လွင့်ပါလာတဲ့နှင်းမှုန်တွေကို လက်နဲ့ဖမ်းယူရင်း Jiminက သူ့ကိုမော့ကြည့်ကာပြောတယ်။
ဟုတ်သားပဲ....Jiminပြောမှ ploar zoneတွေမှာနေထွက်ချိန်၊ နေဝင်ချိန်ဟာလနဲ့ချီပြီးကြာတတ်တာကို သူသတိရသွားတယ်။
"ညက အိပ်ပျော်ရဲ့လား Jungkook......"
"အိပ်ပျော်တယ် Jiminရော အိပ်ပျော်ရဲ့လား....."
"တွင်းရေနွေးနွေးနဲ့ ရေချိုးလိုက်လို့ထင်တယ်
.....ကျွန်တော်လည်း အိပ်ပျော်တယ်...."ဖောင်းမို့နေတဲ့ မျက်နှာလေးကိုကြည့်ရုံနဲ့
ဒီကောင်လေး ညကအတော်အိပ်ပျော်မှန်းသိသာလွန်းပါတယ်။