Chapter-21

1.5K 273 33
                                    

မြေစိုက်ရွက်ဖျင်တဲလေးတစ်ခုကို ယူလာပြီး
နှင်းဆီခင်းတွေဆီကို သူတို့ပြန်ရောက်တဲ့အချိန်မှာ အလင်းရောင်က ဖျော့တော့နေခဲ့ပြီ။
နောက်ရက်‌တွေ နှင်းမုန်တိုင်းတိုက်ရင် သူတို့အဆောင်မှာပဲနားနေရတော့မှာဆိုတော့ ဒီနေ့တစ်ရက်လုံး အပြင်ပဲထွက်လည်နေဖြစ်ကြတာ။ အခုထွက်လာတော့လည်း ဂျီဝူးကလိုက်ချင်နေပေမယ့် Jimin ကတော့ ပန်းချီကားနောက်တစ်ချပ်ဆွဲဖို့အကြံပြုရင်း နေခဲ့စေတယ်။

ရွက်ဖျင်တဲလေးကို နေရာချပြီး အခင်းတစ်ခုခင်းကာ နေရာယူပြီးနောက် Jungkook က
နှင်းဆီရွက်တွေအလင်းရောင်ထွက်လာပုံကို
မှတ်တမ်းတင်ဖို့အတွက် video camera ကို
Setting ချတယ်။ အားလုံးပြင်ဆင်ပြီးသွားတော့ ဓာတ်ဘူးနဲ့ထည့်ယူလာတဲ့ ဦးလေးရှင်းလက်ရာ လက်ဖက်ရည်ခါးစိမ့်စိမ့်လေးကို သောက်ပြီး စကားပြောရင်း မိုးစုန်းစုန်းချုပ်မယ့်အချိန်ကို စောင့်ကြတယ်။

"အစ်ကို Hoseok က ခရီးစဉ်နောက်ကျရတာကို စိတ်မကောင်းဖြစ်နေတာ သိလား Jimin... ခုနက phone ပြောတုန်းက ကိုယ့်အဆင်မပြေဖြစ်မှာ အားနာတယ်လို့ ခဏခဏပြောနေတာ....."

"ဟုတ်လား..... Jungkook ဘယ်လိုပြန်ပြောလိုက်လဲ...."

လက်ဖက်ရည်ခွက်ကို လှိမ့်ကစားရင်း Jungkook ကပြောတော့ Jimin က
ပြန်မေးခွန်းထုတ်တယ်။ ပထမသတ်မှတ်ထားတဲ့ ခရီးစဉ်ထက် တစ်ပတ်နောက်ကျသွားတယ်ဆိုတာ စာတမ်းတင်ဖို့အရေးကြီးနေတဲ့ Jungkook အတွက် အတော်လေးခက်ခဲစေတယ်ဆိုတာ ကိုယ်တိုင်လည်း တက္ကသိုလ်ကျောင်းသားဘဝကိုဖြတ်သန်းဖူးတဲ့  Hoseok ကသိနေခဲ့တယ်။

"ကိုယ်အဆင်ပြေတယ်လို့ သေချာပြောပြလိုက်ပါတယ်......စာတမ်းရေးဖို့ ရက်နည်းသွားပေမယ့် ဒီမှာနားနေတဲ့ရက်ထဲမှာ
ကြိုရေးထားမှာလို့ ပြောပြလိုက်တယ်...."

"အစ်ကိုက စိတ်ထားအရမ်းကောင်းပြီး  အရမ်းလည်း အားနာတတ်တာ...."

Jimin က သူ့ဘက်ကိုမော့ကြည့်ပြီး ပြုံးရင်းပြောတယ်။

"မနက်ဖြန်ဆို အစ်ကိုနဲ့ ယောင်း တတိယအကြိမ်ကတိသစ္စာပြုတော့မှာ....."

"အစ်ကို Hoseok နဲ့ Taehyung ချစ်သူတွေဖြစ်တာဘယ်လောက်ကြာပြီလဲ....."

စကားနှစ်ခုက သိပ်ပြီး အဆက်စပ်မရှိသလိုထင်ရပေမယ့် Jimin အတွေးပွားနေရင်း Taehyung ကိုသတိရသွားတယ်ဆိုတာ Jungkook ကသိနေတာကြောင့် စကားဆက်လို့ရအောင် ထောက်ပေးတယ်။

Rose LandWhere stories live. Discover now