Chapter-15

1.5K 263 60
                                    

နောက်တစ်နေ့မနက် ခရီးဆက်လာခဲ့တော့ Jungkookက မနေ့ကလိုအနေရခက်တာမျိုးမရှိတော့ဘဲ သူ့ကိုသိချင်တာတွေမေးလိုက်၊ သဘောကျတဲ့ရှုခင်းတွေတွေ့ရင် ဓာတ်ပုံရိုက်လိုက်နဲ့  ပုံမှန်ဖြစ်လာတယ်။

"ပြီးခဲ့တဲ့ နေရာ‌ကထက် ဒီနေရာက ရှုခင်းပိုလှတယ်နော်.....ကြည့်ရတာ Rose landတစ်ခုလုံးမှာ ဒီနေရာက အလှဆုံးထင်တယ်....."

ကင်မရာတစ်လုံးနဲ့ စိတ်ကြိုက်ဓာတ်ပုံရိုက်ပြီးသွားတော့ ပုံတွေ ကိုပြန်ကြည့်နေရင်း Jungkookကပြောတယ်။

"‌အပြောမစောပါနဲ့ဦး....နှင်းဆီခင်းတွေကိုမြင်ရင် ခင်ဗျားပါးစပ်တောင် စေ့နိုင်မှာမဟုတ်ဘူး သိရဲ့လား......."

သစ်ပင်ကိုင်းတစ်ခုကို ဆွဲလှုပ်ကာ သစ်ပင်ပေါ်မှာ စုပုံနေတဲ့ ဆီးနှင်းတွေကို ကျဆင်းစေလိုက်ရင်း Jiminက ပြောတယ်။

"အဲ့လောက်တောင်လှတာလား....."

Jungkookမေးခွန်းကို Jiminက ခေါင်းတစ်ချက်ညိတ်ပြလိုက်ရင်း အနည်းငယ်မြင့်နေတဲ့ သစ်ပင်ကိုင်းတစ်ခုကို ခုန်ပြီးလှမ်းဆွဲပြန်တယ်။ မြောက်တက်သွားတဲ့ ကိုယ်လုံးလေးနဲ့
ဖွာခနဲလွင့်စင်ကျလာတဲ့ နှင်းမုန်တွေက လှပလွန်းတာကြောင့် ကိုယ့်ကိုယ်ကိုယ်
သတိမထားမိခင်မှာပဲ  ကင်မရာနဲ့ချိန်ကာ Jungkook မှတ်တမ်းတင်ထားလိုက်မိတယ်။ ဒီခရီးမှာ Jimin လှုပ်ရှားမှုတွေကို ခိုးခိုးပြီးမှတ်တမ်းတင်ရတာကို သူကတော့အတော်လေးကို အသားကျနေပါပြီ။

"ဓာတ်ပုံရိုက်ရတာကို ခင်‌ဗျားအရမ်းသဘောကျတာပဲလား Jungkook......"

ကိုယ့်အတွေးနဲ့ကိုယ်သဘောတကျပြုံးနေမိတုန်း Jiminက သူ့အနားကိုလျှောက်လာရင်း
မေးတယ်။

"အင်း......သဘောကျတာပေါ့.....နိုင်ငံ‌ပေါင်းစုံလှည့်သွားပြီး အလှဆုံးဓာတ်ပုံတွေ ရိုက်ကူးဖို့က ကိုယ့်ရဲ့အိပ်မက်လေ....."

"ဒါဆို သစ်ပင်တွေအကြောင်းလေ့လာဖို့က ခင်ဗျားရဲ့ အိပ်မက်မဟုတ်ဘူးပေါ့....."

သူ့စကားကြောင့် Jungkookက ကင်မရာကို သိမ်းလိုက်ပြီး သူ့ကိုအပြည့်အဝအာရုံစိုက်လာတယ်။

"ဘဝမှာ ဖြစ်ချင်တယ်လို့စိတ်ကူးထားတဲ့အိပ်မက်ဆိုတာ တစ်ခုပဲရှိတာမှမဟုတ်တာ Jiminရယ်.....ကိုယ့်ရဲ့ အကြီးမားဆုံးအိပ်မက်ကတော့ NASAမှာ Plant Geneticist
တစ်ယောက် အဖြစ်အလုပ်လုပ်ခွင့်ရဖို့လေ
.....အသက်အရွယ်တစ်ခု‌ရောက်လာလို့အလုပ်က အနားယူတဲ့အချိန်ကျရင်တော့ ကမ္ဘာအနှံ့သွားပြီး ဓာတ်ပုံရိုက်ဖို့က ကိုယ့်အိပ်မက်ဖြစ်လာမှာပေါ့...."

Rose LandWhere stories live. Discover now