Chapter-28

1.2K 215 25
                                    

‌နေ့လယ်ခဏနားပြီး နောက်ထပ်နေ့ဝက်ကို အရှိန်မြှင့်ကာ ခရီးဆက်ခဲ့တာကြောင့် မှောင်ရီပျိုးစအချိန်မှာပဲ white land နယ်မြေအဆုံးမှာ တည်ရှိတဲ့ တည်းခိုဆောင်ကို သူတို့ရောက်လာခဲ့ကြတယ်။ နယ်မြေအဆုံးတည်းခိုဆောင်တွေကို တစ်ပုံစံထဲဆောက်လုပ် ထားတာကြောင့် ဒီတည်းခိုဆောင်ဟာ ဦးလေးရှင်းတာဝန်ယူထားတဲ့ ဧည့်ဆောင်နဲ့ပုံစံအနေအထားဆင်တူပြီး
တစ်ခုတည်းသောကွာခြားချက်အနေနဲ့ အဆောင်ဘေးမှာရှိနေတဲ့ ထင်းရှူးပင်ကြီးတစ်ပင်ကိုသာ‌ တွေ့ရတယ်။ သူတို့ရောက်သွားတော့ တည်းခိုဆောင်တည်ရှိရာခြံအပြင်ဘက်မှာရှိတဲ့ မီးတိုင်တွေကလင်းနေပြီဖြစ်ပြီး ခြံတခါးကိုဖွင့်ဝင်ခဲ့ကာ အိမ်တံခါးဘေးမှာရှိတဲ့ လူခေါ်ခေါင်းလောင်းကိုနှိပ်လိုက်တော့ တာဝန်ခံဖြစ်ဟန်တူတဲ့ ဦးလေးတစ်‌ယောက်က ထွက်ကြိုတယ်။

"Jimin ရောက်လာပြီလား......မနေ့ကပဲ အစ်ကိုရှင်းနဲ့ phone ပြောဖြစ်တာနဲ့ Jimin ရောက်လာလိမ့်မယ်လို့ ပြောသွားသေးတယ်....ပြီးတော့ တနေ့ကပဲ Jimin ဒီကိုရောက်လာမယ်ဆိုတဲ့အကြောင်း သခင်လေး Taehyung စာပို့ထားသေးတယ်...ဦးလေးတို့က နောက် ၃ရက်လောက်နေမှရောက်မယ်လို့ ထင်နေတာ....."

"ကျွန်တော်တို့ ခရီးကိုမြန်မြန်ဆက်လာလိုက်တာနဲ့ စောသွားတာ ဦးလေးလီ......."

ဦးလေးလီဆိုတဲ့ ဦးလေးကြီးက သူတို့အထုပ်တွေကိုကူသယ်ပေးပြီး အဆောက်အဦအတွင်းထဲကို ဦးဆောင်ခေါ်လာတယ်။

"ဒီဘက်က Jungkookဖြစ်မယ်ထင်တယ်... ဦးလေးနာမည်က လီရှင်းဟို....ဒီမှာတည်းခိုဆောင်မှာ ဦးလေးနဲ့ အစ်ကိုမင်ဆိုဂျွန်
က တာဝန်ခံပါ...နေဦး ......အစ်ကို့ကို လှမ်းခေါ်လိုက်ဦးမယ်..."

ဦးလေးလီက အသက်၄၀ကျော်လောက်ပဲရှိသေးပြီး လူငယ်ဆန်ကာ ပျော်တတ်ပုံလည်းရတယ်။

"အစ်ကိုရေ....Jimin တို့ရောက်နေပြီ....."

"အေး...အေး လာပြီ...."

"Jimin ရောက်လာတာ စောတာပဲ......"

အတွင်းဘက်က ထွက်လာတဲ့ ဦးလေးမင်က
သူတို့ကိုပြုံးပြနှုတ်ဆက်တယ်။

"အစ်ကို သူ့နာမည်က Jungkook တဲ့..... Jungkook ဒါ~အစ်ကိုမင်ဆိုဂျွန် လေ....ဦးလေးမင်လို့ပဲခေါ်ကြားလား...."

Rose LandWhere stories live. Discover now