တငွေ့ငွေ့ရှိန်းတက်နေတဲ့ ခန္ဓာကိုယ်အပူချိန်ကြောင့် Jimin အိပ်ရာကမထဘဲ ရွက်ဖျင်တဲထဲမှာ ကွေးပြီးအိပ်နေမိတယ်။ ဘေးဘက်ကိုကြည့်လိုက်တော့ ညက သူကိုယ်တွေပူနေတာကြောင့် အတူရှိနေပေးခဲ့တဲ့ Jungkook ကို
မတွေ့ရတော့ဘူး။ ကြည့်ရတာ Jungkook အိပ်ရာထသွားပြီထင်တယ်။သူ့ခြေလက်တွေထက်ကြီးနေတဲ့ လက်အိတ်၊ခြေအိတ်တွေကို ပွတ်သပ်ကြည့်နေရင်း မနေ့ညကအကြောင်းကိုပြန်တွေးမိ တော့ Jimin ပြုံးမိပြန်တယ်။။ မနေ့ညကအိပ်ဆောင်ကိုပြန်တဲ့လမ်းတလျှောက် Jungkook က သူ့ကို ကျောပိုးလာခဲ့ပြီး အဆောင်ပြန်ရောက်တော့လည်း အဆက်မပြတ် နှာချေနေခဲ့တဲ့သူ့ကို အဝတ်အစားလဲဖို့နဲ့ နှင်းစိုနေတဲ့ဆံပင်တွေကိုခြောက်သွေ့အောင် Jungkook ကပဲ ကူညီပေးခဲ့တာ။ အိပ်ရာဝင်တော့လည်း Jungkook က သူ့ကို ခြေအိတ်လက်အိတ်တွေဝတ်စေကာ တစ်ကိုယ်လုံးကို စောင်တစ်ထည်နဲ့ထွေးပေးခဲ့သေးတာ။ တစ်ညလုံး သူနေတဲ့ရွက်ဖျင်တဲထဲမှာ စောင့်အိပ်ပေးခဲ့ပြီး တရေးနိုးတိုင်းလည်း နဖူးကိုစမ်းကြည့်နေတာကို Jimin သိနေခဲ့တယ်။
Taehyung ကလွဲရင် ဘယ်သူနဲ့မှ နီးနီးကပ်ကပ်မနေဘူးတာကြောင့် Jungkook ရဲ့ ဂရုစိုက်မှုတွေက သူ့အတွက်ထူးဆန်းသလို
ရှိပေမယ့်လည်း နေသားတကျတော့ဖြစ်နေခဲ့ပါတယ်။ သူ့စိတ်ထဲမှာ Jungkook ကို
အရင်ထဲက သိနှင့်ပြီးသားလူတစ်ယောက်လို
ခံစားရတာကိုတော့ သူ့ကိုယ်သူလည်းအံ့ဩမိပါရဲ့။အိပ်ရာပေါ်မှာ လူးလှိမ့်လိုက်ရင်း *ကလေး* လို့ခေါ်ခဲ့တဲ့ Jungkookအသံကိုပြန်ကြားယောင်မိတော့ အူယားလာတာကြောင့် စောင်ကိုခေါင်းထိလုံအောင်ဆွဲခြုံလိုက်မိတယ်။
"ကလေးတဲ့.....ငါ့ကို Jungkook က ကလေးတဲ့...."
ပြုံးစိစိမျက်နှာထားနဲ့ သူ့ကို Taehyung သာ မြင်ရင် သေချာမှာလိုက်ရက်နဲ့ ဒီလိုဖြစ်နေရလားဆိုပြီး ခေါင်းခေါက်မယ်ထင်တယ်။
"ယောင်း ငါ့ကိုစိတ်မဆိုးပါနဲ့နော်....."
တစ်ကိုယ်တည်း တီးတိုးရေရွတ်လိုက်ရင်း စောင်ကိုအသာလျောချပြီး မျက်လုံးလေးပဲဖော်ထားကာ ရွက်ဖျင်တဲအပေါ်ကို စိုက်ကြည့်နေတုန်း အပြင်ကနေ ချောင်းကြည့်နေတဲ့Jungkookကို တွေ့လိုက်ရတယ်။