နေ့တစ်ပိုင်းကုန်လွန်ပြီးချိန်မှာ သူတို့ရည်ရွယ်ထားတဲ့ ခရီးအကွာအဝေးကိုရောက်နေပြီဖြစ်တာကြောင့် အလင်းရောင်မပျောက်ခင် ကျန်တဲ့ခရီးကို စိတ်အေးလက်အေးသာ ဆက်လာခဲ့လိုက်တယ်။ နေ့စဉ်သတ်မှတ်ထားတဲ့
မိုင်အတိုင်းသာ ခရီးဆက်ရတာရယ်၊ ရာသီဥတုကိုအသားကျသွားတာရယ်ကြောင့်
ပထမဆုံးနေ့ကလောက် ပင်ပန်းတယ်လို့ Jungkook မခံစားရတော့ဘူး။လမ်းခရီးကျွမ်းကျင်တဲ့ Jiminရဲ့ ဦးဆောင်လမ်းပြမှုနဲ့ စိတ်အေးလက်အေးသိချင်တာရှိရင်မေးလိုက်၊ သဘောကျတာတွေ့ရင် ကင်မရာတစ်လုံးနဲ့မှတ်တမ်းတင်လိုက်နဲ့ အတော်လေးအဆင်ပြေနေခဲ့ပါတယ်။အတူခရီးထွက်တာ တစ်ပတ်မပြည့်သေးပေမယ့် သူမြင်တွေ့နေရသလောက်ဆိုရင် Jimin က စိတ်သဘောထားနူးညံ့ပြီး သနားလည်းသနားတတ်သလို Jungkook သိချင်တဲ့ အကြောင်းအရာတွေကိုလည်း စိတ်ရှည်လက်ရှည်နဲ့ပြောပြပေးတတ်တယ်။ သူသေချာသိချင်တာက Jimin ရဲ့ နူးညံ့ကြင်နာတဲ့အပြုအမူတွေဟာ လူတိုင်းအပေါ်ကို တသတ်မတ်ထဲလား... ဒါမှမဟုတ် သူ့အပေါ်ကိုပဲထူးခြားတာလားဆိုတာပါပဲ။
အခုလည်း မြေပုံကိုကြည့်ပြီး လမ်းခရီးကိုတွက်ဆနေရင်းနဲ့ပဲ Jimin က သူ့ကို
Rose Landရဲ့ ပညာသင်ကြားရေးစနစ်အကြောင်းကို ရှင်းပြနေပြန်တယ်။"Rose landမှာ တက္ကသိုလ်မရှိဘူးဆိုတော့အထက်တန်းအောင်ပြီးသွားရင် တချို့လူငယ်တွေက ကိုယ်ဝါသနာပါတဲ့ပညာရပ်ကို သင်ယူဖို့ တခြားနိုင်ငံတွေကိုသွားကြတယ်..... ကျွန်တော်နဲ့ Taehyungလည်း လာမယ့်နှစ်မှာ တက္ကသိုလ်စတက်တော့မှာ..."
"ဒါဆို Jiminကရော ဘယ်တက္ကသိုလ်တက်မယ်လို့ စဉ်းစားထားလဲ....."
"ကျွန်တော့်ရည်မှန်းချက်က ဘာလဲဆိုတာ အခုထိတွေးနေတုန်းပါပဲ......"
လေတစ်ချက်အဝေ့မှာ လွင့်သွားတဲ့ အနက်ရောင်ဖျော့ဖျော့ ဆံနွယ်တွေကို လက်နဲ့သပ်တင်ရင်း Jimin က တွေးဆဆဖြေတယ်။
"အဲ့တာဆို Jiminက ဘယ်တက္ကသိုလ်တက်မယ်လို့ မဆုံးဖြတ်ရသေးဘူးပေါ့.... ဟုတ်လား...."
Jungkook အမေးကြောင့် Jiminက အရှေ့ကိုကြည့်နေရာကနေ သူ့ဘက်ကိုလှည့်ကြည့်ကာ ခေါင်းညိတ်ရင်းဖြေတယ်။