ဆန်ပြုတ်ပန်းကန်ကိုသယ်ပြီး အပေါ်ထပ်ကိုပြန်တက်လာခဲ့ကာ တံခါးကိုခေါက်လိုက်ပြီးမှ Jimin အခန်းထဲကို Jungkook ဝင်လာခဲ့တယ်။ Jimin ကတော့ ကုတင်ပေါ်မှာ မျက်လုံးလေးမှိတ်ပြီး ငြိမ်ငြိမ်သက်သက်အိပ်ပျော်နေပြီး သူဝင်လာတာကို သတိမထားမိပါဘူး။ ပူပူနွေးနွေးဆန်ပြုတ်ပန်းကန်ထည့်ထားတဲ့ဗန်းကို bedside table ပေါ်ကိုတင်လိုက်ပြီး သူလည်းကုတင်ဘေးက ခုံလေးမှာဝင်ထိုင်လိုက်တဲ့အထိ Jimin က အိပ်ပျော်နေဆဲ။
နေမကောင်းဖြစ်နေတဲ့အချိန်မှာ ပင်ပင်ပန်းပန်း ခရီးဆက်ခဲ့ရတာကြောင့် Jimin မျက်နှာ လေးက အနည်းငယ်ချောင်ကျနေတဲ့အပြင် နှုတ်ခမ်းတွေကလည်း ခြောက်သွေ့နေကာဖြူဖျော့ဖျော့ရယ်။
နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတဲ့ ကောင်လေးကို မနှောင့်ယှက်ချင်ပေမယ့် အခုနေသာ
ဆေးမသောက်ရင် အဖျားပိုတက်လာမှာကိုစိုးရိမ်တာကြောင့် နှိုးပြီးဆေးတိုက်မှဖြစ်ပါလိမ့်မယ်။"Jimin...... Jimin.....ထပါဦး.....ဆန်ပြုတ်သောက်ရအောင်လေ......"
မျက်လုံးဖွင့်မကြည့်ဘဲ *အင်းအဲ* အသံပြုပြီး တစ်ဖက်ကိုလှည့်သွားကာ ကွေးကွေးလေး ဆက်အိပ်နေသေးတဲ့ပုံစံလေးကြောင့်
Jungkook မှာပြုံးမိတော့တယ်။ အိပ်ပျော်နေတာကိုအနှိုးခံရရင် ချင်ချင်းမထတတ်တာဟာ ကလေးတွေရဲ့ အပြုအမူပဲလေ။"ထပါဦး.......Jimin ရဲ့........."
နောက်တစ်ကြိမ်ထပ်နှိုးလိုက်တော့ မျက်လုံးဖွင့်ကြည့်ပေမယ့် နှုတ်ခမ်းကတော့ခပ်စူစူရယ်။
"ကိုယ်ဆန်ပြုတ်ယူလာပြီ.....ပူတုန်းလေး
စားလိုက်ရအောင်နော်...."အိပ်ရာပေါ်ကထလို့ရအောင် ထူပေးလိုက်ပြီး
ပေါင်ပေါ်မှာ လက်သုတ်ပုဝါတစ်ထည်ခင်းပေးလိုက်တဲ့ အထိ Jimin ကအိပ်ချင်စိတ်
မပြေသေးဟန်ရှိတယ်။"ပါးစပ်ဟ........ကိုယ်ခွံ့ကျွေးမယ်..."
ဆန်ပြုတ်တစ်ဇွန်းကိုခပ်ယူပြီး အအေးခံကာ
ပါးစပ်နားကိုတိုးပေးတော့ Jimin က
လိမ်လိမ်မာမာနဲ့ပါးစပ်ဟပေးတယ်။
အိပ်ရေးမဝတဲ့အမူအရာကိုကြည့်ပြီး ဂျီကျလိမ့်မယ်လို့ Jungkook ကတွေးထားပေမယ့်
Jimin ကတော့ ခွံ့ကျွေးတဲ့ဆန်ပြုတ်ကိုပဲ အာရုံစိုက် စားနေတယ်။