Chapter-19

1.5K 264 39
                                    

ညစာစားပြီးတော့ သူတို့ကို လက်ဖက်ရည်တစ်ခွက်စီနဲ့ ဦးလေးရှင်းက ဧည့်ခံတယ်။
နေ့လယ်က ဂျီဝူးဖျော်တိုက်ထက် လက်ဖက်ရည်ထက် ဦးလေးရှင်းလက်ရာက အချိုဘက်နည်းနည်းပိုကဲကာ တစ်ငုံချင်းသေချာအရသာခံသောက်ရင် ခါးစိမ့်စိမ့်အရသာကပါးစပ်ထဲစွဲကျန်နေရစ်တယ်။ အခါးအရသာကို သိပ်မကြိုက်ပေမယ့် Jungkook ကတော့ ဦးလေးရှင်းဖျော်တဲ့ လက်ဖက်ရည်အရသာကို ပိုသဘောကျပါတယ်။

ဧည့်ခန်းထဲမှာရှိတဲ့ ကြိမ်နဲ့ရက်လုပ်ထားတဲ့
ခုံတွေမှာထိုင်မိပြီး စကားပြောဖြစ်ကြတော့
ဂျီဝူးက မီးလင်းဖိုထဲကို မီးစာထပ်ဖြည့်လိုက်တယ်။

"ဒီမှာ အစ်ကို့အတွက် အစ်ကို Taehyung
ပို့ထားတဲ့စာပါ....အကြီးအကဲပေးလိုက်တဲ့စာပါပါတယ် အစ်ကို....."

ဂျီဝူးပေးတဲ့ စာအိတ်လေးနှစ်အိတ်မှာ
တစ်အိတ်က Jiminကို Taehyungပေးတဲ့
စာဖြစ်ပြီး နောက်ထပ်စာအိတ်တစ်အိတ်ကတော့ အစ်ကို Hoseok ပို့ပေးလိုက်တဲ့စာဖြစ်တယ်။

Jimin စာအိတ်တွေကို ဖွင့်ဖတ်နေတဲ့အချိန်မှာ ကျန်တဲ့သူတွေက လက်ဖက်ရည်သောက်ရင်း ငြိမ်နေပေးကြတယ်။

Taehyung စာထဲမှာ နှင်းမုန်တိုင်းရှိ‌နေတာကြောင့် မြို့အတွက်လိုအပ်တဲ့ကိစ္စတွေဆောင်ရွက်ဖို့ရှိနေလို့ အစ်ကို Hoseok ကိုကူညီပြီးမှ Jimin နောက်ကိုလိုက်လာနိုင်မည်ဖြစ်ကြောင်းကို သေချာရှင်းပြထားပြီး
ခရီးထွက်တဲ့အချိန်မှာ သဘာဝဘေးအန္တရာယ် ကိုရော၊ Jungkook ကိုရော သတိထားဖို့ကိုလည်း ထပ်ခါထပ်ခါမှာနေသေးတာ။ ကြည့်ရတာ လက်ထပ်ပွဲပြီးပြီးချင်း သူ့နောက် လိုက်မလာနိုင်တာကို Taehyung စိတ်မကောင်းဖြစ်နေပုံရတယ်။ အစ်ကို Hoseok စာမှာတော့ နှင်းမုန်တိုင်း‌ေကြာင့်ဖြစ်လာနိုင်တဲ့ အန္တရာယ်အကြောင်းကိုပဲ အသေးစိတ်ရေးထားပြီး Jungkook ကို သူသပ်သပ် ph ဆက်ပြီး ရှင်းပြမယ့်အကြောင်းကိုလည်းပြောပြထားတယ်။

"အခုရက်ပိုင်းအတွင်း နှင်းမုန်တိုင်းတိုက်ဖို့ရှိတယ်တဲ့....အဲ့တာ ကျွန်တော်တို့ကို ခရီး
မဆက်သေးဘဲ ဒီမှာပဲနားနေဖို့ အစ်ကို Hoseok ရော ၊ Taehyung ရောက မှာနေကြတယ်...အစ်ကိုက Jungkook ကို သပ်သပ် phone ထပ်ဆက်ပါဦးမယ်တဲ့"

Rose LandWhere stories live. Discover now