Chapter-3

1.7K 268 19
                                    


အရှေ့အရပ်နဲ့ တောင်ဘက်အရပ်မှာ Shiveraတောင်၊  မြောက်ဘက်နဲ့အနောက်အရပ်မှာ Tolafiaတောင်တို့နဲ့ ကာရံထားပြီး ကျွန်းကိုပတ်ခွေစီးဆင်းနေတဲ့ coxbell မြစ်တည်ရှိရာအရပ်ဖြစ်တဲ့ Rose land.....

"သူကို စောင့်ရှောက်‌ပေးဖို့
အစ်ကို့သူငယ်ချင်းကလည်း အကူအညီတောင်းထားတာဆိုတော့....Jiminအဆင်ပြေမယ်ဆိုရင် white landအထိ သူ့ကိုလိုက်ပို့ပေးနိုင်မလား.......တကယ်လို့ လိုက်မပို့ပေးနိုင်ဘူးဆိုလည်း အစ်ကို့ကိုအားနာစရာမလိုပါဘူး ....."

မြို့အလယ်မှာတည်ရှိတဲ့ အစည်းအဝေးကျင်းပရာ အဆောက်အဦရဲ့ ဧည့်ဆောင်မှာစုဝေးကာ အုပ်ချုပ်ရေးပိုင်းနဲ့ဆိုင်တဲ့ကိစ္စတွေကို မြို့လူကြီးတွေ ဆွေးနွေးတိုင်ပင်ကြပြီးနောက်မှာတော့ အစ်ကိုက  Jiminကို ကြည့်ပြီး လေးလေးနက်နက်‌ တောင်းဆိုတယ်။ *မင်းကို တာဝန်ပေးတယ်*ဆိုတဲ့စကားတစ်ခွန်းနဲ့ သူအပါအဝင် တစ်မြို့လုံးကိုအမိန့်ပေးလို့ရပေမယ့်လည်း မြို့ရဲ့အကြီးအကဲဆိုတဲ့ အာဏာကို မလိုအပ်ပဲ အစ်ကိုကသုံးလေ့မရှိဘူးလေ။ ပြီးတော့ မြို့ရဲ့ထုံးစံအတိုင်း ဒီခရီးကိုလိုက်ပို့ပေးဖို့တောင်းဆိုချက်ဟာ
မြို့လူကြီးတွေအားလုံးရဲ့ သဘောဆန္ဒပါပါဝင်တယ်ဆိုတာ ရှင်းမပြလည်း သူနားလည်ထားပြီးသားပဲဖြစ်တယ်။

"ရပါတယ် အစ်ကို.....ကျွန်တော်လိုက်ပို့ပေးပါ့မယ်....."

"တခြားသူကို လိုက်ပို့ခိုင်းလို့မရဘူးလား...."

မကျေမနပ်မှုကိုဖော်ပြတဲ့ ခပ်ဆောင့်ဆောင့် လေသံနဲ့ စကားသံကိုကြားလိုက်ရတော့ ဧည့်ခန်းဆောင်မှာ ထိုင်နေကြတဲ့ မြို့လူကြီးတွေက မထူးဆန်းသလိုပြုံးနေကြတယ်။ အကြီးအကဲကို Taehyungစိတ်ဆိုးတာ
ဒါဟာပထမဆုံးအကြိမ်မဟုတ်ဘူးလေ။

"တခြားသူကို ပို့ခိုင်းလို့မရဘူးဆိုတာထက် အခုက ခရီးသွားရာသီမဟုတ်တော့
Jiminနဲ့မှ စိတ်ချလို့ရမှာပေါ့ ယောင်းရဲ့...."

အကြီးအကဲက လေသံချိုချိုနဲ့ ချော့မော့နေပေမယ့် မကျေမနပ်မျက်နှာထားကို
တစ်စက်ကလေးမှ မလျှော့တဲ့Taehyungနဲ့
ချော့မော့နေရင်း အချစ်ရည်လဲ့နေတဲ့မျက်လုံးတွေနဲ့ Taehyungကို ချစ်စနိုးဖြစ်နေတဲ့ အကြီးအကဲကိုကြည့်ပြီး ကျန်တဲ့သူတွေမှ ဆက်ပဲထိုင်နေရမလို၊ ထပဲထွက်သွားရတော့မလို။

Rose LandWhere stories live. Discover now