Chapter-41

1.1K 181 22
                                    

မနက် 6 နာရီလောက်မှာတော့ Jungkook နဲ့ယူရီက အထုပ်အပိုးတွေပြင်ဆင်ပြီးဖြစ်ကြသလို၊ လေဆိပ်ကိုလိုက်ပို့ပေးမယ့် tour guide ကလည်း ရောက်နေပြီဆိုတော့
သူတို့ကိုရီးယားကိုပြန်ဖို့အဆင်သင့်ဖြစ်နေခဲ့ကြပြီ။ ဒါပေမယ့်လည်း မြေပြင်နဲ့ သစ်ပင်တွေပေါ်မှာ တင်ကျန်နေရစ်နေတဲ့ ဆီးနှင်းတွေ၊ အအေးဓာတ်ကြီးစိုးပေမယ့် အနွေးထည်မဝတ်တဲ့လူတွေ၊ ထူးခြားတဲ့ နှင်းဆီပန်းတွေပွင့်ရာအရပ်ဖြစ်တဲ့ Rose land ကနေပြန်ရမှာကို Jungkookစိတ်ထဲမှာလေးလံနေမိတယ်။

"ကျွန်တော်သွားတော့မယ်နော် အစ်ကို Hoseok......အစစအရာရာကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်..."

အစ်ကို Hoseok နဲ့ Taehyung က သူတို့ကိုမြို့ပြင်အထိလိုက်ပို့ပေးကြပြီး နှင်းဆီဝိုင်၊ သစ်သားနဲ့ပြုလုပ်ထားတဲ့လက်မှုပစ္စည်းတွေကို လက်ဆောင်အဖြစ်ပေးကြတယ်။ အစ်ကို Namjoon နဲ့ အစ်ကို Yoongi အတွက်လည်း
လက်ဆောင်အဖြစ် နှင်းဆီဝိုင်ပုလင်းတွေကို အစ်ကို Hoseok ကသတိတရထည့်ပေးတယ်။ Jungkook အတွက်သီးသန့်အနေနဲ့တော့ အစိမ်း‌ရောင်နှင်းဆီအဖူးလေးတွေကို ဖန်လုံးထဲမှာထည့်ထားတဲ့ လက်ရာမြောက်လှတဲ့စားပွဲတင်အမွှေးအိုးလေးကို လက်ဆောင်အဖြစ်လက်ခံရရှိခဲ့တယ်။ ယူရီ့အတွက်ကိုတော့ နတ်ဆရာမကြီး ကလီယာက ချယ်ရီ bonsai ပင်လေးတစ်ပင်ကို လက်ဆောင်အဖြစ်ပေးတယ်။

"ရပါတယ်ကွာ...နောက်လည်း ထပ်လာခဲ့ပါဦး..."

"ဟုတ်ကဲ့အစ်ကို...... "

အစ်ကို Hoseok ကို‌နှုတ်ဆက်ပြီးတော့ Jungkook ကသူ့ကိုခပ်တည်တည်သာကြည့်နေတဲ့ Taehyung ကိုလှည့်ကြည့်ရင်း....

"ကျွန်တော် ပြန်လိုက်ပါဦးမယ် Taehyung..."

"ဟုတ်ကဲ့ ကောင်းကောင်းသွားပါ...."

Jungkook ကိုဝတ္တရားအရပြန်နှုတ်ဆက်လိုက်ရပေမယ့် Taehyung ရဲ့မျက်လုံးတွေကတော့ ဒီလူ Jiminနဲ့ချစ်ခဲ့တဲ့အကြောင်းတွေ ကိုမေ့သွားတာ တကယ် ဟုတ်၊မဟုတ်ဆိုပြီး အကဲခတ်နေမိတယ်။ ကလီယာပေးလိုက်တဲ့ အဆောင်ကို Jungkook လက်မှာဝတ်ထားတာကိုမြင်ပေမယ့် တစ်ညထဲနဲ့ လူတစ်ယောက် နဲ့ချစ်ခဲ့တာကို လုံးလုံးလျားလျားမေ့သွားတယ်ဆိုတာဖြစ်နိုင်ပါ့မလားလို့ သူသံသယရှိချင်မိတယ်။ ကလီယာ ကတော့
ဒီအစီအရင်ကြောင့် Jungkook ဟာ Jimin ကိုလုံးဝမေ့သွားတာမျိုးမဟုတ်ဘဲ Jimin အပေါ်ချစ်ခဲ့မိတဲ့စိတ်တွေ၊ စိတ်ဝင်စားမိတဲ့ခံစားချက်တွေသာပျောက်ကွယ်သွားမှာလို့ဆိုတယ်။

Rose LandWhere stories live. Discover now