နောက်တစ်နေ့ ညနေမှောင်စပျိုးချိန်မှာပဲ Jimin နဲ့ Jungkook Rose land မြို့ကိုပြန်ရောက်လာခဲ့တယ်။ မြို့အဝင်ကိုလှမ်းမြင်ရတဲ့ နေရာကိုရောက်တော့ Jungkook ကလမ်းလျှောက်တာကို ရပ်တန့်လိုက်ပြီး Jimin ပုခုံးကိုကိုင်ကာ မျက်နှာချင်းဆိုင်လိုက်တယ်။
"နည်းနည်းလောက်ပြုံးပါဦး Jimin ရယ်...
ကလေးကိုကြည့်ပြီး ကိုယ်ပြန်ဖို့တောင်စိတ်မချတော့ဘူး.....""ကျွန်တော်ဘာမှမဖြစ်ပါဘူး......"
ဘာမှမဖြစ်ဘူးလို့ပြောပေမယ့်လည်း နှုတ်ခမ်းလေးက ပြုံးမလာတဲ့အပြင် မျက်လုံးလေးတွေကလည်း ဝမ်းနည်းနေတဲ့အရိပ်အယောင်တွေရှိနေတာကြောင့် သူ Jimin ပါးလေးကိုပွတ်သပ်ပြီး ချော့မော့ရတယ်။
"စာတမ်းတင်ပြီးတာနဲ့ မာမီတို့ကိုခေါ်ပြီးကိုယ်ချက်ချင်းပြန်လာခဲ့မှာလေ......ဒါမှမဟုတ် ကိုယ်မပြန်ဘဲနေရမလား ဟင်....."
အစွမ်းကုန်အလိုလိုက်တော့မယ့်အရိပ်အယောင်အပြည့်နဲ့ မျက်လုံးတွေကိုမြင်တော့ Jimin ပိုငိုချင်လာတာကြောင့် Jungkook ရင်ခွင်ထဲကိုတိုးဝင်ကာ မျက်နှာကိုဝှက်ထားလိုက်တယ်။ ခရီးစဉ်အစအဆုံးဟာအဆင်ပြေပြေရှိခဲ့ပေမယ့် မနေ့ညကမက်ခဲ့တဲ့အိပ်မက်ကြောင့် Jimin စိတ်ထဲမှာမလုံမခြုံခံစားနေခဲ့ရပြီး အိပ်ရာနိုးကတည်းက စိတ်မကြည်မလင်ဖြစ်နေရတယ်။ Jungkook ကိုလည်း ပြောမပြချင်တာကြောင့် အတတ်နိုင်ဆုံး ဟန်ဆောင်ပြီးနေပေမယ့်လည်း စိတ်ထဲမှာတော့ အတော်လေးပူလောင်လှပါတယ်။
"မပြန်လို့မဖြစ်ဘူးလေ...... Jungkook စာတမ်းတင်တာနောက်ကျမှာပေါ့....."
"ကိုယ့်ဘဝမှာ ဟောဒီ ပေါက်စီလေး လောက်အရေးကြီးတာ ဘာမှမရှိပါဘူး....ကိုယ့်ကလေး စိတ်ချမ်းသာရင်ပြီးတာပဲ......"
အိပ်မက်ဆိုးကြောင့် မနက်ကလန့်နိုးလာကတည်းက မျက်နှာသိပ်မကောင်းလှတဲ့ Jimin က အခုတော့ Jungkook ကိုမော့ကြည့်ပြီးပြုံးတယ်။
"ကျွန်တော့်ကို တအားဖက်ထားပါလား Jungkook......."
"အချွဲလေးပါကွာ......"
တင်းတင်းကျပ်ကျပ်ဖက်ထားတဲ့ Jungkook
လက်တွေကြားမှာ ငြိမ်နေရင်း Jimin စိတ်နည်းနည်းအေးသွားသလိုပဲ။