ကလီယာနဲ့ တွေ့ခဲ့ပြီးနောက်တော့ တည်းခိုဆောင်ကိုပဲ Jungkookပြန်လာခဲ့တယ်။
"ပြန်လာပြီလား လူလေး....."
ခြံတံခါးကိုဖွင့်ပြီး ဝင်လာတော့ အိမ်ပေါ်ကဆင်းလာတဲ့ ဦးလေးကသူ့ကို လှမ်းနှုတ်ဆက်တယ်။
"ဟုတ်ကဲ့ ဦးလေး...."
"မနက်စာစားလိုက်ဦးနော်.....ဦးလေးတော့နတ်ကွန်းက သစ်ခြောက်ပင်ကြီးပန်းပွင့်တယ်ဆိုလို့ သွားကြည့်လိုက်ဦးမယ်....."
"ဟုတ်ကဲ့ဗျ......"
ပြောပြောဆိုဆိုနဲ့ ဦးလေးက ခြံအပြင်ကိုထွက်သွားတော့ သူလည်းအိမ်ထဲကို ဝင်လာခဲ့လိုက်တယ်။ အိမ်ထဲကိုရောက်ရောက်ချင်း အနွေးဓာတ်ကိုခံစားရပေမယ့် အနည်းငယ်ချမ်းနေသေးတာကြောင့်ရေနွေးတစ်ခွက်ငှဲ့သောက်လိုက်ပြီးမှ စားပွဲပေါ်က ဦးလေး ပြင်ပေးထားတဲ့ မနက်စာကိုစားလိုက်တယ်။
နောက်တော့ မာမီနဲ့ phoneပြောဖို့ အိပ်ခန်းထဲကို ဝင်လာခဲ့လိုက်တယ်။ မနေ့က ဒီကိုရောက်ရောက်ချင်း မာမီနဲ့ ယူရီကို အဆင်ပြေကြောင်းစာပဲပို့ထားခဲ့တဲ့အပြင် မနက်ဖြန်ခရီးစထွက်ရင် phoneဆက်ဖြစ်၊မဖြစ်ဆိုတာ
မသေချာတာကြောင့် ဒီနေ့ပဲ phoneဆက်မှဖြစ်လိမ့်မယ်။"Hello.....မာမီ သားပါ......"
ဒုတိယအကြိမ် ringမြည်သံမှာပဲ Phone တန်းကိုင်လိုက်တာဆိုတော့ သူ phoneဆက်လာမှာကို မာမီစောင့်နေတယ်နဲ့တူတယ်။
"အဲ့ဒီမှာ အဆင်ပြေရဲ့လား သား...."
"ပြေပါတယ် မာမီ.....ဒီနေ့တစ်ရက်တော့ အနားယူနေသေးတာ....မနက်ဖြန်ကျရင် သားခရီးစထွက်တော့မှာ....."
"အဆင်ပြေတယ်ဆိုရင် တော်သေးတာပေါ့
မာမီကစိတ်ပူနေတာ....အခုပဲ မာမီနဲ့ သား
ဒယ်ဒီ သား phoneဆက်ရင် ကောင်းမယ်လို့ပြောနေသေးတယ်....ခဏနေဦးနော် သား ~မင်း ဒယ်ဒီကို လှမ်းခေါ်လိုက်ဦးမယ်.....Mr Jeonရေ သားလေး phoneဆက်တယ်......."ရွှင်လန်းနေတဲ့ မာမီအသံဟာ သူphoneခေါ်တာကို ဘယ်လောက်ပျော်နေလဲဆိုတာကို အတိအကျဖော်ပြပေးနေကြတယ်။
"မြန်မြန်လာရှင့်....သားက အချိန်သိပ်ရတာမဟုတ်ဘူး........."
"အေးပါကွာ....လာပါပြီ....."