Chapter-29

1.2K 226 10
                                    

လှေကားကနေဆင်းလာတော့ မှန်ပြူတင်းပေါက်ရှည်ကနေ အပြင်ဘက်မှာ နှင်းတွေကျနေတာကို လမ်းမီးတိုင်တွေရဲ့အကူအညီနဲ့လှမ်းမြင်ရတယ်။ အဆောင်‌ဘေးမှာရှိတဲ့ထင်းရှူးပင်ကြီးအ‌ပေါ်မှာလည်း နှင်းတွေစုပုံတင်နေပြီး တစ်ချက်တစ်ချက်လေအဝှေ့မှာ သေးငယ်သောကိုင်းအချို့က လှုပ်လီလှုပ်လဲ့ရယ်။ ဒီမြင်ကွင်းကို ရောက်နေတဲ့သုံးရက်အတွင်း မကြာခဏမြင်နေရပေမယ့်သူကတော့ အခုထိသဘောတကျငေးနေမိဆဲပဲ။

အခုနေသာ အပြင်ဘက်ကိုထွက်ရင် အေးစိမ့်နေလောက်ပေမယ့် အဆောင်ထဲမှာတော့ အနွေးထည်တောင်ဝတ်စရာမလိုအောင် နွေးထွေးလို့နေခဲ့တယ်။

အောက်ထပ်ကိုရောက်တော့ လက်ဖက်ရည်တစ်ခွက်လောက်သောက်မယ်လို့ တွေးမိပြီး
ထမင်းစားခန်းဘက်ကိုထွက်လာခဲ့လိုက်တယ်။

"နိုးနေပြီလား Jungkook လာလေ......"

"ဟုတ် ဦးလေးလီ......."

ထမင်းစားခန်းတံခါးကိုဖွင့်လိုက်တော့ မနက်စာပြင်ဆင်နေတဲ့ ဦးလေးလီက သူ့ကိုနှုတ်ဆက်တယ်။

"လက်ဖက်ရည်သောက်ဦးမလား......"

"ဟုတ်ကဲ့ ဦးလေး...."

"ဒီမှာထိုင်.....ငါလည်း တစ်ယောက်ထဲပျင်းနေတာ...လက်ဖက်ရည်သောက်ရင်း စကားပြော ကြမလား....."

"ဟုတ်ကဲ့ ဦးလေး.....ကျွန်တော်လည်း အခန်းထဲမှာတစ်ယောက်ထဲမို့လို့ ဆင်းလာလိုက်တာ......"

ဦးလေးလီက လက်ဖက်ရည်တစ်ခွက်ငှဲ့ပြီး Jungkook ကိုပေးကာ ထမင်းစားပွဲမှာဝင်ထိုင်စေတယ်။

"အချိုကြိုက်ရင် ဟိုမှာ သကြားနဲ့ နွားနို့ရှိတယ်......."

"ရတယ်ဗျ.....ကျွန်တော်က စိမ့်တာပိုကြိုက်လို့ပါ......"

ဦးလေးရှင်းလက်ဖက်ရည်နဲ့ ယှဉ်ရင် ဦးလေးလီ လက်ရာက အနည်းငယ်ပိုပြီးအချိုကဲကာ နွားနို့ပိုထည့်ထားဟန်တူတာကြောင့် ပိုလည်းပျစ်တယ်။ Rose land က လက်ဖက်ရည်တွေဟာ ဖျော်တဲ့သူရဲ့လက်ရာပေါ်ကို လိုက်ပြီး အရသာအနည်းငယ်ပြောင်းလဲပေမယ့် သောက်လို့ကောင်းတာ‌ချင်းတော့ တူညီကြပါတယ်။

"လက်ဖက်အများကြီးမသောက်နဲ့ဦး...ခဏနေ မနက်စာစားကြတော့မှာ......"

Rose LandWhere stories live. Discover now