Chapter-44

1.3K 207 17
                                    

"ငါလိုက်ခဲ့မယ် Jimin ရာ......."

အထုပ်အပိုးတွေပြင်နေတဲ့ အနားမှာထိုင်ပြီး
ဂျီကျနေ‌တဲ့ Taehyung ကိုကြည့်ပြီး Jimin ပြုံးလိုက်မိတယ်။ သူ့အတွက်တော့ Taehyung ဟာအမြဲတမ်းအ‌လေးအနက်ပြုရမယ့် သံယောဇဉ်လေးတစ်ခုပါပဲ။ ပျော်နေတဲ့အချိန်ပဲဖြစ်ဖြစ်၊ ဝမ်းနည်းနေတဲ့အချိန်ပဲဖြစ်ဖြစ်အနားမှာရှိနေပေးမယ့် ဒီလိုသူငယ်ချင်းတစ်ယောက်ကို ပိုင်ဆိုင်ရတာဟာ သူ့ရဲ့ကံကောင်းခြင်းပဲဖြစ်ပါတယ်။

"မင်းငါနဲ့လိုက်ရင် အစ်ကိုတစ်ယောက်ထဲ ဘယ်လိုလုပ်မလဲ..."

လိုရင်းတိုရှင်းစကားကို သူပြောလိုက်တော့ Taehyung ကတစ်ချက်ငြိမ်သွားတယ်။ သူငယ်ချင်းနဲ့ ချစ်သူနှစ်ယောက်လုံးကို စောင့်ရှောက်ချင်တဲ့ Taehyung ဟာ သိပ်ကိုလှပတဲ့နှလုံးသားရဲ့ပိုင်ရှင်ပါပဲ။

"မင်းက ဒီမှာပဲနေပြီး အစ်ကိုနဲ့အတူစာလေ့လာလေ ယောင်းရာ.....ငါက စိတ်ငြိမ်အောင်
တစ်ယောက်ထဲနေဖို့ လိုနေလို့ပါ....."

နောက်တစ်လကြာရင် ဩစတေးလျမှာ တက္ကသိုလ်တက်ဖို့အတွက် ဝင်ခွင့်စာမေးပွဲဖြေဖို့ရှိတာကြောင့် အချိန်ယူပြီး တစ်ယောက်တည်းစာလေ့လာဖို့အတွက် Tolafia တောင်မှာ Jimin
တစ်လ သွားနေမှာ။ စာမေးပွဲဖြေဖို့အတွက် သူနဲ့ Taehyung အတူစာလုပ်နေကြတာဆိုပေမယ့် အခုအချိန်က သူတစ်ယောက်တည်းစာလုပ်တာပိုကောင်းမယ်လို့ Jimin ထင်မိတယ်။ ပြီးခဲ့တဲ့ တစ်ပတ်ကျော်ကျော်က နေမကောင်းဖြစ်နေခဲ့တဲ့ သူ့အတွက်နဲ့ Taehyung ကိုအချိန်မကုန်စေချင်ဘူးလေ။

"Jimin ကလည်းကွာ......ငါတို့အတူတူဆိုရင်
မင်းကို ငါစာရှင်းပြလို့ရတယ်လေ......"

"မင်းပေးတဲ့ Notesတွေငါယူသွားတယ်လေ ယောင်းရယ်....."

နေမကောင်းဖြစ်ထားတာ သိပ်မကြာသေးတဲ့ Jimin ဟာအခုလိုကျတော့လည်း တက်တက်ကြွကြွရှိနေတာကြောင့် တစ်ယောက်ထဲနေဖို့ အတွက်အချိန်ပေးဖို့သင့်ပေမယ့် Taehyung ကတော့အခုထိ စိတ်ချလက်ချမရှိနိုင်သေးပါ။

"မင်းတစ်ယောက်ထဲအဆင်မပြေမှာ ငါကစိုးရိမ်တာ......"

"ငါသွားမှာ တစ်လထဲပါ ယောင်းရာ....ပြီးတော့တစ်ပတ်တစ်ခါလောက် မင်းလာလည်လည်းရတာပဲလေ..."

Rose LandWhere stories live. Discover now