Jungkook အိပ်နေတယ်လို့ ဦးလေးလီကပြောလိုက်တာကြောင့် သူအခန်းတံခါးကို ဖြည်းဖြည်းလေးဖွင့်လိုက်တယ်။ ဝင်ပေါက်ကို မျက်နှာမူပြီး ကုတင်ပေါ်မှာ ငြိမ်ငြိမ်လေးအိပ်ပျော်နေတဲ့ Jungkook ရဲ့အသက်ရှူသံပြင်းပြင်းဟာ တိတ်ဆိတ်တဲ့ အခန်းထဲမှာပိုပြီးကျယ်လောင်နေသလိုပဲ။
ခြေလှမ်းကိုဖွဖွနင်းကာ အနားတိုးကြည့်လိုက်တော့ Jungkook မျက်နှာလုံးလုံးလေးကို အနီးကပ်မြင်ရတယ်။ မျက်လုံးဝိုင်းဝိုင်းလေးတွေကိုတော့ မျက်ခွံလေးတွေက ဖုံးအုပ်ထားတာကြောင့် မမြင်ရပေမယ့် နှာခေါင်းလုံးလုံးလေးရယ်၊ အခုထိ စိတ်လိုလက်ရနမ်းခွင့်မရသေးတဲ့ ပိပိရိရိနှုတ်ခမ်းလေးရယ်၊ နှုတ်ခမ်းအောက်က မှဲ့နက်ကလေးရယ်၊ ထင်ရှားနေတဲ့ မေးရိုးတွေရယ်၊ အနည်းငယ်ရှည်နေပြီဖြစ်တဲ့ ဆံပင်တွေရယ်နဲ့ Jungkook ကသိပ်ကိုကြည့်လို့ကောင်းပါတယ်။ နိုးသွားမှာစိုးတာကြောင့်ကုတင်ပေါ်မှာ ဒူးထောက်ထိုင်ပြီး Jungkook မျက်နှာအစိတ်အပိုင်းတစ်ခုစီကိုအသေးစိတ်ကြည့်နေရင်း သူပိုပြီးအသည်းယားလာရတယ်။
*ငါ့လူကြီးက ချောလိုက်တာ*လို့ စိတ်ထဲကနေရေရွတ်မိတော့ နှုတ်ခမ်းတွေကပါလိုက်ပြုံးမိတော့တာပဲ။
မတွေ့ရတာနာရီပိုင်းပဲရှိသေးပေမယ့် အခုလိုမျက်နှာလေးမြင်ရမှ အလွမ်းပြေတယ်လို့ပြောရင် သူ့ကိုပိုတယ်လို့တော့ အပြစ်မတင်စေလိုပါ။ Jungkook ကလည်း သူ့ကိုလွမ်းနေလို့ ကိုယ့်အခန်းကိုယ်မအိပ်ပဲ သူ့အခန်းကိုရောက်နေခဲ့တာမဟုတ်လား။
စိတ်ရှိတိုင်းသာဆို Jungkook ကိုပွေ့ဖက်ကာအိပ်ရာပေါ်မှာလူးလှိမ့်လိုက်ချင်ပေမယ့် နေမကောင်းဖြစ်နေတဲ့ သူကိုမနှောင့်ယှက်ချင်တာကြောင့် ခြေသံလုံလုံနဲ့ပဲ သူအခန်းထဲကပြန်ထွက်လာခဲ့ပါတယ်။
................. Rose land............................
"Jungkook အိပ်နေတုန်းပဲ မှတ်လား Jimin......"
"ဟုတ်တယ် ဦးလေးလီ.....သူတော်တော်အိပ်ပျော်နေတာ......ကိုယ်တော့မပူတော့ပါဘူး......"
လှေကားကနေဆင်းလာတဲ့ Jimin က ဦးလေးလီရဲ့အမေးကို လေသံအုပ်အုပ်နဲ့ဖြေတယ်။