Chapter-43

1.2K 207 27
                                    

အစ်ကို Namjoon နဲ့တွေ့ပြီး ရက်အနည်းငယ်ကြာတော့ Jungkook တို့မိသားစု ယူရီ့အဖေနဲ့အမေရဲ့ မင်္ဂလာနှစ်ပတ်လည်ပွဲကို တက်ရောက်ခဲ့ကြတယ်။ ဒီနေ့ပွဲဟာ ကြီးကျယ်ခမ်းနားတဲ့ပွဲမျိုးမဟုတ်ဘဲ ရင်းနှီးတဲ့မိတ်ဆွေတွေကိုပဲဖိတ်ကြားထားတာမျိုးဖြစ်ပြီး နေရာကလည်း ယူရီတို့ခြံထဲမှာပဲ ကျင်းပတာဖြစ်တယ်။ ညနေ၆နာရီကတည်းကစတဲ့ပွဲဖြစ်တာကြောင့် ဧည့်ခံပွဲပြီး
လုပြီးခါနီးဟာ ည၁၀နာရီထိုးခါနီးနေခဲ့ပြီ။

"သမီးရေ..... Jungkook ကိုခြံထဲကိုလိုက်ပြလိုက်ပါလား....."

အသိတွေကိုဧည့်ခံနေရင်း ယူရီ့မေမေကလှမ်းပြောတော့ Jungkook မေမေကလည်းခြံထဲသွားကြဖို့တိုက်တွန်းတယ်။

"ဟုတ်သားပဲ......သား Jungkook လိုက်သွားလိုက်....လူငယ်တွေစကားသွားပြောကြ...."

ယူရီ့အမေက Jungkookကိုခြံထဲကို လိုက်ပြဖို့ပြောသလို၊ နှစ်ယောက်ထဲစကားပြောစေချင်လှတဲ့ Jungkook မာမီရဲ့ တိုက်တွန်းမှုလည်း ရှိနေတာကြောင့် နောက်ဆုံး သူတို့နှစ်ယောက် ပွဲကျင်းပရာနေရာကနေ ပန်းခင်းတွေရှိရာဘက်ကို ထွက်လာခဲ့ကြတယ်။ မီးလုံးတွေနဲ့အလှဆင်ထားလို့ ခြံတစ်ခုလုံးကလင်းထိန်နေတာကြောင့်မြင်‌ နေရတဲ့ ဒေလီယာပန်းခင်းတွေကိုကြည့်ရင်း
သူတို့လမ်းလျှောက်ဖြစ်ကြတယ်။

"ကျောင်းတက်ဖို့ အဆင်သင့်ဖြစ်နေပြီလား
ယူရီ....."

ယူရီဟာအရင်နေ့တွေကလို စကားအများကြီးမပြောဘဲ ခပ်ငြိမ်ငြိမ်ရှိနေတာမို့လို့ သူတို့နှစ်ယောက်ကြားကလေထုဟာမသက်မသာဖြစ်တယ်လို့ခံစားရစေတာကြောင့် Jungkook ကပဲစကားစပြောလိုက်တယ်။

"ဟုတ်ကဲ့ အစ်ကို......"

ဆောင်း‌ဦးလေက အေးသလိုရှိတာကြောင့် ရင်ပြတ်ဂါဝန်အပေါ်ကနေခြုံထားတဲ့ပုဝါကို
ပုခုံးသားတွေလုံအောင် ဆွဲခြုံလိုက်ရင်း Jungkook အမေးကို ယူရီကပြန်ဖြေတယ်။

"အကူအညီလိုတာရှိရင်ပြောလေ.....အစ်ကို ကူညီပေးပါ့မယ်....."

"ဟုတ်ကဲ့အစ်ကို....."

အိပ်မက်အကြောင်းတွေ၊အတိတ်ဘဝအကြောင်းတွေ အစ်ကို Jungkook ကိုပြောပြမယ်လို့ တွေးထားပေမယ့် တကယ်တမ်းကျတော့ သူ စကားစဖို့ခက်နေခဲ့တယ်။ အစ်ကို Jungkook လည်း သူ့လိုအိပ်မက်တွေကို အသက် ၁၈နှစ်ပြည့်ပြီးကတည်းက မက်လေ့ရှိတယ်လို့ အန်တီကပြောထားဖူးပေမယ့် သူပြောပြတဲ့အကြောင်းအရာတွေကို အစ်ကို ယုံကြည်ပါ့မလားလို့ ယူရီကတော့တွေးပူနေမိတယ်။

Rose LandWhere stories live. Discover now