Chapter-9

1.5K 261 6
                                    

တစ်နေ့လုံး စုစု‌ပေါင်း၁၂မိုင်ခန့်ခရီးသွားခဲ့ပြီးနောက်တော့ ညဘက်တည်းခိုဖို့နေရာကို
သူတို့ရောက်လာခဲ့ကြတယ်။
ဒီနေရာဟာ အခ‌ကြေးငွေနဲ့ဖွင့်လှစ်ထားတဲ့ တည်းခို‌ဆောင်မျိုးမဟုတ်ဘဲ ခရီးသွားတွေညဘက်အိပ်ဖို့၊ ခရီးတစ်ထောက်နားဖို့သာ စီစဉ်ပေးထားတဲ့ ဧည့်ဆောင်ဖြစ်တယ်။

ဒီညတော့ လေးဘက်လေးတန်နံရံမရှိတဲ့ သစ်သားအ‌‌ဆောင်ထဲမှာရွက်ဖျင်တဲထိုးကာအိပ်ရမှာဖြစ်ပြီး ဒါကလည်း Rose Landမှာပဲရနိုင်တဲ့ထူးခြားတဲ့ အတွေ့အကြုံဖြစ်လိမ့်မယ်ထင်တယ်။ ဒီသစ်သားဆောင်ကြီးဟာ အနည်းဆုံးလူဆယ်ယောက်လောက်တော့ နားလို့ရအောင် ကျယ်ဝန်းပြီး အဆောင်အလယ်နဲ့ ထောင့်ဘက်တွေမှာလည်း မီးလင်းဖိုတွေရှိတယ်။နောက်ဘက်မှာတော့ ရေတွင်းတစ်တွင်းနဲ့ ရေထည့်ဖို့အတွက် သစ်သားစည်ခပ်ကြီးကြီး တစ်ခုပါဝင်တဲ့ရေချိုးဆောင်တစ်ခုရှိတယ်။ Jiminပြောပြပုံအရဆို တစ်ပတ်အတွင်း သူတို့ဖြတ်သန်းရ
သမျှ လမ်းခရီးမှာ ဒီလိုပုံစံတည်းခိုဆောင်တွေကို တွေ့ရမှာဖြစ်ပြီး white landကို
မဝင်ခင်မှပဲ သူတို့လိုအပ်မယ့် ရိက္ခာ၊အဝတ်အစား၊ ဆေးဝါးစတာတွေကို ယူလို့ရတဲ့ နယ်စပ်တည်းခိုဆောင်ကိုရောက်မှာဖြစ်တယ်။

"ကဲ...ပြီးပြီ......"

ရွက်ဖျင်တဲနှစ်ခုထိုးပြီးတော့ အပြင်ဘက်မှာ အမှောင်ထုကစတင်ကြီးစိုးလာသလို အအေးဓာတ်ကလည်း နည်းနည်းပိုလာတယ်။

"ရေမချိုးဘူးလား Jungkook......."

ဝတ်ရုံကိုချွတ်ထားပြီး အတွင်းဝတ်အင်္ကျီပဲဝတ်ထားတဲ့ Jiminက ပုခုံးပေါ်မှာလည်းတဘက်တစ်ခုတင်ထားရင်း သူ့ကိုမေးတယ်။

"နည်းနည်း အေးသလားလို့....."

ခရီးရက်ရှည်ထွက်ရတာဆိုတော့ အရင်လိုအဆင်ပြေချင်ယောင်ဆောင်မနေတော့ဘဲ Jungkookက ပွင့်ပွင့်လင်းလင်းပြောတယ်။

"တွင်းရေက နွေးပါတယ်ဗျ....ပြီးတော့
ရေချိုးဆောင်ထဲမှာ မီးလင်းဖိုရှိတော့ မအေးပါဘူး...... "

သူကရေချိုးဖို့ စဉ်းစားနေရပေမယ့်
နားရွက်အုပ်တဲ့အရှည်လောက်ပဲရှိတဲ့ဆံပင်တွေကို စုစည်းထားတဲ့ Jiminကတော့
လက်ထဲမှာလည်း ဆပ်ပြာဘူးလေးကိုင်ထားပြီး ရေချိုးဖို့တက်ကြွနေတယ်။

Rose LandWhere stories live. Discover now