Chapter-11

1.5K 258 11
                                    

"အဖွားရေ....ကျွန်တော်လာတယ်...."

Taehyung အသံပြုလိုက်ပြီး အိမ်ပေါ်ကို
မတက်ဘဲ ခြံနဲ့အိမ်ကြားက လမ်းလေးအတိုင်း အနောက်ဘက်စိုက်ခင်းကိုပဲ ဝင်လာခဲ့လိုက်တယ်။ Jimin ခရီးသွားတဲ့
နေ့ကတည်းက တစ်နေ့တစ်ခေါက်တော့
နေ့လည်စာစားပြီးချိန်တွေမှာ သူအဖွားဆီကိုလာလေ့ရှိတယ်။

"အဖွားရေ......"

"ယောင်းလေး....လာ......အဖွားက ဒီမှာ......"

ဟင်းသီးဟင်းရွက်အပင်တွေစိုက်ထားတဲ့
ဖန်အိမ်ရဲ့တံခါးဝကနေ အဖွားကသူ့ကိုလက်ပြရင်း လှမ်းခေါ်တယ်။

"ခုနကတည်းက ယောင်းလေးကို မျှော်နေတာ....."

နေ့လည်စာစားပြီးချိန်တိုင်း ရောက်လာတတ်ပေမယ့် ဒီနေ့တော့ နာရီဝက်လောက်နောက်ကျတာကြောင့် အဖွားသူ့ကိုမျှော်နေတာဖြစ်လိမ့်မယ်။

"လက်ထပ်ပွဲအတွက် ဝတ်စုံရွေးနေလို့နောက်ကျသွားတာ အဖွား....."

"ဟုတ်သားပဲ.....ယောင်းလေး လက်ထပ်ပွဲတောင် သိပ်မလိုတော့ဘူးနော်...."

မြေဆွေးတွေကို အိုးတွေထဲခွဲထည့်နေတဲ့
အဖွားက သူ့ကိုလှည့်ပြောတယ်။

"အခုလတတိယအပတ်ထဲမှာ ကျွန်တော်လက်ထပ်‌ တော့မှာ အဖွားရဲ့...."

"လက်ထပ်ပြီးရင် ကလေးလုပ်လို့မရတော့ဘူးနော် ယောင်းလေး..... အကြီးအကဲ Hoseokကို သားက စောင့်ရှောက်ပေးရမှာ...."

Jimin ဖေဖေမရှိတော့တဲ့ နောက်ပိုင်း Taehyung နဲ့ Jiminရဲ့ အုပ်ထိန်းသူဖြစ်ခဲ့တဲ့ အဖွားကအခုထိ သူတို့ကိုဆိုဆုံးမနေဆဲသာ။ ရန်ခဏခဏဖြစ်တာချင်းတူ‌ပေမယ့် Jiminကတော့ ဆူတဲ့အချိန်တိုင်း *ဟုတ်ကဲ့*တစ်ခွန်းနဲ့ တုံ့ပြန်ပေမယ့်  Taehyungကတော့ ပြန်မပြော နားမထောင်လုပ်တာကြောင့် အဖွားဆူတာမကြာခဏခံရလေ့ရှိတယ်။

"စိတ်ချပါ အဖွားရဲ့...ကျွန်တော်လူကြီးဖြစ်နေပါပြီ......"

Taehyungစကားကို အဖွားကပြုံးရင်း "ဟုတ်ပါပြီ"လို့ရေရွတ်တယ်။

"Jiminဆီက စာလာသေးလား သားလေး...."

"မလာသေးဘူး အဖွား.....မနက်ဖြန်လောက်‌ တော့ သူစာပို့မယ်ထင်တယ်...."

Rose LandWhere stories live. Discover now