Extra -6

575 69 8
                                    

လိုက်ကာကြားကနေ မနက်ခင်းနေရောင်ခြည်ဝိုးတဝါးမပီမသထွက်ပေါ်လာချိန်မှာ Jungkook ရင်ခွင်ထဲက ပေါက်စီလေးဟာ ငြိမ်သက်စွာအိပ်မောကျနေဆဲ။ အဝတ်မကပ်တဲ့ ခန္ဓာကိုယ်နှစ်ခုကြားကအထိအတွေ့ဟာ ညကတော့ ရင်ခုန်စရာကောင်းပေမယ့်အခုတော့နွေးထွေးမှုကိုတိုးလာစေတယ်။

နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတဲ့ကလေးနဲ့
မျက်နှာချင်းဆိုင်ဖြစ်အောင် သူ့ခန္ဓာကိုယ်ကိုပြင်လိုက်တော့ မြင်လိုက်ရတဲ့မြင်ကွင်းကချစ်စရာ။
ညကပင်ပန်းသွားတာကြောင့် နီနီရဲရဲနှုတ်ခမ်းဖူးဖူးလေးက အနည်းငယ် ဟကာနှစ်နှစ်ခြိုက်ခြိုက်အိပ်‌ပျော်နေပုံက ထွေးပွေ့ထားချင်စရာ။  ညက ငိုထားတဲ့အရှိန်ကြောင့် မျက်ခွံလေးကလည်းမို့အစ်လို့။ ညက သူစိတ်မထိန်းနိုင်ဘဲကြမ်းတမ်းမိတာကိုတွေးမိကာ Jungkook Jiminကိုသနားသွားတယ်။ တစ်ချက်လေးတောင်မငြင်းဘဲ သူ့ဆန္ဒကိုလိုက်လျောပေးခဲ့တဲ့ Jiminပါးလေးကို သူဖွဖွပွတ်သပ်ပေးတော့ နှုတ်ခမ်းလေးကို တလှုပ်လှုပ်လုပ်တယ်။။ အသည်းတယားယားနဲ့ ရှေ့ကိုတိုးကာ နှုတ်ခမ်းလေးကိုထိကပ်ရုံနမ်းလိုက်တော့ ဘာကိုသဘောကျတယ်မသိ Jiminက ယောင်ယောင်လေးပြုံးတယ်။ ပြီးတော့ "အိပ်ဦးလေ....."လို့ သူကြားရရုံပြောတယ်။ သူကလေးလေးက နိုးနေတာပဲ။

"မအိပ်ချင်တော့ဘူး.....ကိုကိုတို့လျှောက်လည်ကြမလား Jimin......"

ဆိုးလ်ကိုရောက်ကတည်းက Lotte ကုန်တိုက်ကလွဲလို့ Jiminကိုဘယ်မှသူလိုက်မပို့ရသေးဘူး။
အရင်ရက်ကလည်း စားချင်တယ်ပြောတာလေးချက်ကျွေးလိုက်၊ delivery နဲ့မှာကျွေးလိုက်နဲ့ရှိနေတာ။ ဟိုနေ့က နှမ်းရွက်ကိစ္စနဲ့စိတ်ကောက်ကြတော့ပိုဆိုး။ ချစ်တာတောင် မနေ့ညကမှ သေချာချစ်ရတာမဟုတ်လား။

"မလည်ချင်ပါဘူး.....ဒီကိုလာတာ ကိုကို့ကိုလွမ်းလို့......လည်တာပတ်တာက ယောင်းနဲ့အတူလာမှပဲလုပ်မယ်......"

သူကမျက်နှာချင်းဆိုဖြစ်အောင် အနေအထားပြင်ယူထားပေမယ့် Jimin ကတော့အောက်ကိုလျှောချပြီး ရင်ခွင်ထဲကိုတိုးဝင်ပြီး မျက်နှာနဲ့ရင်ဘတ်ကိုမထိတထိပွတ်သပ်တယ်။

"ညကလို လိုချင်လို့လား......."

နားရွက်လေးကို လက်ညှိုးနဲ့လက်မကိုသုံးက ပွတ်ပေးရင်းမေးလိုက်တော့ ပေါက်စီလေးကငြိမ်သွားတယ်။ နားရွက်ကလေးတွေက Jiminရဲ့ sensitive zone.....

Rose LandWhere stories live. Discover now