Chapter-40

1.2K 189 30
                                    

"ခင်ဗျားတို့နှစ်ယောက်ရဲ့ ချစ်ခြင်းတရားကိုဖျက်ဆီးမိတဲ့ အပြစ်အတွက် နောင်တစ်ချိန်အခွင့်ရရင်ပြန်ပေးဆပ်ပါ့မယ်....."

လင်းယုန်နီမျိုးနွယ်မှတ်တမ်းစာအုပ်ရဲ့ နောက်ဆုံးစာမျက်နှာရေးသားထားတဲ့စာကိုဖတ်ပြီးနောက်တော့ Jimin တစ်ကိုယ်လုံးမှာရှိတဲ့ အင်အားတွေကုန်ခမ်းသွားသလို ခံစားလိုက်ရတယ်။ သူဟာ Jungkook အသက်ကိုကယ်ခဲ့ဖူးတယ်ဆိုပေမယ့်လည်း နောက်ဆုံးထွက်သက်မှာ Jungkook နဲ့အတူရှိနေခဲ့တဲ့သူတော့ ဟုတ်မနေခဲ့ပဲ Jungkook တို့ရဲ့ချစ်ခြင်းကို သွယ်ဝိုက်သောနည်းနဲ့ ခွဲပစ်ခဲ့မိတယ်ဆိုတဲ့ အသိဟာ Jimin ကို အံ့ဩတုန်လှုပ်စေခဲ့တယ်။

"ငါ ဘာဆက်လုပ်ရမလဲ ယောင်း..."

သူ့လက်ကို အားကိုးတကြီးဆုပ်ကိုင်ကာ
မေးတဲ့ Jimin ကိုကြည့်ပြီး Taehyung စိတ်မကောင်းဖြစ်မိပေမယ့် Jimin ကိုလွတ်လပ်တဲ့ချစ်ခြင်းတရားနဲ့ ပျော်ရွှင်စေချင်တဲ့ သူ့ဆန္ဒတော့ပြောင်းလဲလိမ့်မည်မဟုတ်ပါ။

"ဘာမှ‌လုပ်စရာမလိုဘူးလေ.....အတိတ်ကအတိတ်‌ပဲပေါ့...အခု Jungkook က မင်းနဲ့သစ္စာပြုထားတဲ့ မင်းရဲ့ခင်ပွန်းပဲလေ....ကျန်တာတွေကို ဒီတိုင်းထားလိုက်ကြမယ်...."

"အဲ့တာဆို ယူရီ့ကိုဘယ်လိုလုပ်မလဲ......"

"မင်းနဲ့ Jungkook အတွက်ပဲတွေးလေ Jimin.....တခြားအတွေးတွေကို မေ့ပစ်လိုက်တော့......"

Jimin နဲ့ Taehyung ပြောနေတဲ့စကားတွေကို
ကလီယာက ငြိမ်သက်စွာ‌နားထောင်နေခဲ့တယ်။ သူအာရုံရထားသလိုဆိုရင် သစ္စာပြုပြီးနောက်မှာ Jungkook ကအတိတ်ကမှတ်ဉာဏ်တွေကိုပြန်ရပြီး သခင်မလေးယူရီနဲ့ချစ်သွားရမှာဖြစ်တယ်။ Jimin ကတော့ တစ်ဘဝလုံးတစ်ယောက်ထဲဖြတ်သန်းကာ အတိတ်ဘဝရဲ့အပြစ်မကင်းတဲ့စိတ်ကိုဆပ်ရမှာဖြစ်တယ်။ ဒါကြောင့်လည်း Jungkook နဲ့ Jimin green Landမှာ သစ္စာပြုတာကိုမတားဖို့အတွက် သခင်လေးနဲ့ အကြီးအကဲကိုသူ စကားကြောင်းကာ ကြိုတင်နားချပေးထားခဲ့ခြင်းဖြစ်တယ်။

အခုတော့ ဘယ်လိုကြောင့်များ Jungkook မှတ်ဉာဏ်တွေပြန်မရသေးတာလဲလို့ တွေးမိပြီး သူ့မှာ ထူးဆန်းအံ့ဩရတော့တာ။ အစွဲအလမ်းကြီးလွန်းတဲ့လူတွေ၊ မပြည့်ဝခဲ့တဲ့ဆုတောင်းရှိခဲ့တဲ့သူတွေဟာ အတိတ်ဘဝကိုပြန်မှတ်မိတတ်ကြပြီး ရန်ငြှိုးနဲ့ချစ်ခြင်းတရားတွေကိုလည်း တပါတည်းယူဆောင်တတ်ကြတာဆိုတော့ ဒီဘဝမှာ ငယ်စဉ်ကတည်းကသိခဲ့တဲ့ ယူရီ့ကိုမဟုတ်ဘဲ အခုမှ သိတဲ့ Jimin ကိုချစ်ခဲ့တဲ့ Jungkook စိတ်ဟာ နားလည်ဖို့သိပ်ခက်နေခဲ့တယ်။

Rose LandWhere stories live. Discover now