"ကဲ.....ဘာမေးစရာရှိဦးမလဲ......"
သင်ကြားရေးကို လက်စသတ်လိုက်ပြီးတော့ဆရာက ကျောင်းသားတွေဘက်ကိုလှည့်ပြီးမေးခွန်းထုတ်တယ်။
"မရှိတော့ပါဘူး ဆရာ......"
"ဒါဆို နောက်တစ်ပတ်ဖြေရမယ့် စာမေးပွဲကိုအခုပဲစစ်လိုက်ရမလား......"
တညီတညွတ်ထဲဖြေတဲ့ ကျောင်းသားတွေကို မျက်လုံးဝေ့ကြည့်ပြီးတော့ ဆရာကမေးလိုက်တယ်။ မျက်မှန်ဘောင်ပေါ်ကနေ ကျော်ကြည့်ပြီးမေးတဲ့ ဆရာ့ဆီကနေ ကျောင်းသားအများစုက အကြည့်လွှဲနေကြပေမယ့် တချို့သော ကျောင်းသားတွေကတော့ ဆရာ့စကားကိုပြုံးနေကြတယ်။ စာမေးပွဲဆိုတဲ့ စကားကြောင့် Plant Anatomy သင်တဲ့ ဆရာက အရင်ထက်တောင်သူတို့စိတ်ထဲမှာပိုကြောက်စရာကောင်းသွားတယ်လို့ထင်တဲ့သူတွေရှိပေမယ့် Jungkookအပါအဝင်ကျောင်းသားအနည်းစုကတော့ ဘာမှမထူးခြားသလို ခပ်အေးအေးသာ။
အပ်ကျသံမကြားရလောက်အောင် တိကျသွားတဲ့ အခန်းထဲက လေထုကြောင့်ဆရာက
ရယ်ရင်း......"ကဲပါ....မေးစရာမရှိရင် အတန်းဆင်းလို့ရပြီ....Jungkookကတော့ ခဏနေခဲ့ဦးနော်...."
ဆရာ့စကားဆုံးတာနဲ့ စာသင်ခန်းထဲကနေ ကျောင်းသူကျောင်းသားတွေ ထွက်သွားကြတာကြောင့် အခန်းထဲမှာ Jungkook
တစ်ယောက်ပဲကျန်ရစ်ခဲ့တော့မှ ဆရာက စကားစလာတယ်။"သားကို ဆရာအကြံပြုစရာလေးရှိလို့ပါ....."
"ဟုတ်ကဲ့ ဆရာ......"
"ရှေ့နှစ်မှာ Ireland universityက ဆရာတို့ကျောင်းကို ပညာသင်ဆုပေးဖို့ရှိနေတယ်.... အဓိကက ဆရာတို့ ကျောင်းကိုယ်စားပြုအနေနဲ့ စာတမ်းတစ်ခုတင်သွင်းပြီးတော့ လျှောက်ရမှာ.....အဲ့တာ ဆရာကတော့ Majorကိုယ်စားပြုအနေနဲ့ Jungkookကို tryကြည့်စေချင်တယ်....."
"ဟုတ်ကဲ့....ဆရာ...."
မိသားစုကမျိုးရိုးလိုက်ချမ်းသာကြွယ်ဝသလို
အခုကတည်းက ကမ်းလှမ်းခံရတဲ့အလုပ်တွေကလည်းအများကြီးဆိုပေမယ့် Jungkookကိုဒီနယ်ပယ်မှာ ပါရဂူတစ်ယောက်ဖြစ်အောင် သူကတော့ကြိုးစားစေချင်မိတယ်။ အခု နောက်ပိုင်းဆိုရင် ကျောင်းမပြီးခင် ကျောင်းသားတွေကို အလုပ်ကမ်းလှမ်းတာတွေများလာတာကြောင့် botany majorကို တက်ရောက်သူတွေပိုများလာပေမယ့် တစ်ဖက်ကလည်း ပါရဂူဘွဲ့အထိယူတဲ့ ကျောင်းသားအရေအတွက်က ပိုပြီးနည်းပါးလာတော့တာ။ ဒီလိုအခြေအနေမျိုးမှာ Jungkookလိုကျောင်းသားမျိုးကို သူကတော့ ပညာရှင်တစ်ယောက်ဖြစ်လာစေချင်မိတာပါပဲ။