Chapter-6

1.5K 269 18
                                    

အသိစိတ်ကပ်ပြီးနိုးနေပေမယ့် ချမ်းအေးလွန်းတဲ့ ရာသီဥတုကြောင့် Jungkookစောင်ပုံထဲကိုပိုတိုးဝင်လိုက်မိတယ်။ အပြင်ဘက်ကစကားပြောသံသဲ့သဲ့ကြားနေရပေမယ့်လည်း
သူအိပ်ယာကထချင်စိတ်ရှိမနေဘဲ Rose landရဲ့ အထိမ်းအမှတ်ဖြစ်တဲ့ ဆီးနှင်းကျသံတဖျောက်ဖျောက်ကို နားထောင်ရင်းသာ
အိပ်ယာထဲမှာ ကွေးနေမိတယ်။ ဆိုးလ်ကလည်း အေးတယ်ဆိုပေမယ့် အိမ်မှာတပ်ဆင်ထားတဲ့ အပူပေးစနစ်တွေကြောင့် ဒီမှာလောက်တော့ အအေးဓာတ်ကိုမခံစားရပေ။
ဒါတောင် သူ့ကို ဂွမ်း‌စောင်အထူတွေနဲ့ မီးလင်းဖို‌တွေထားရှိပေးတဲ့ အဆောင်မှာတည်းခိုရတာကြောင့် အတော်လေးသက်သာတာလို့ ဆိုနိုင်တယ်။

"လူလေး......ဧည့်သည်ကောင်လေး.....ထပါဦး......"

အိပ်ခန်းတံခါးကိုခေါက်သံနဲ့အတူကြားလိုက်ရတဲ့ အိပ်ဆောင်တာဝန်ခံဦးလေးကြီးအသံကြောင့် သူစောင်ပုံထဲကနေ ကုန်းရုန်းထလိုက်ကာတံခါးဖွင့်လိုက်ရတယ်။

"ကျွန်တော် နိုးပါပြီ ဦးလေး......"

"အေး အေး......နိုးရင် မျက်နှာသစ်၊ရေချိုးတော့လေ... ခဏနေ နတ်ကွန်းသွားဖို့ Jiminလာခေါ်လိမ့်မယ်......"

"ဟုတ်ကဲ့....ဦးလေး....."

"မနက်ပိုင်းဆို နှင်းကျလို့ရေကနည်းနည်းပိုအေးတယ်.....လူလေး အဆင်မပြေရင် ဦးလေး ရေနွေးကြိုပေးမယ်လေ......"

"ရပါတယ် ဦးလေး.....ကျွန်တော် ဒီတိုင်းပဲချိုးပါ့မယ်....."

ကိုယ့်ထက်အသက်ကြီးတဲ့လူကြီးကို ရေနွေးကြိုခိုင်းဖို့တော့ သူအားနာလှတာကြောင့် ငြင်းလိုက်တယ်။

"အေးကွယ်...ခရီးသွားရာသီသာလာခဲ့ရင် လူလေးပိုအဆင်ပြေမှာပဲ......တစ်ခုခုလိုရင်တော့ အားမနာနဲ့နော် ဦးလေးကိုပြော...
..ဟုတ်ပြီလား....."

အခုက Rose Landရဲ့ ခရီးသွားရာသီမဟုတ်တဲ့အတွက် ဧည့်သည်‌‌တွေတည်းခိုဖို့စီစဉ်ထားတဲ့အိပ်ဆောင်ကို ပြန်လည်ပြုပြင်နေတာကြောင့် သူသာ ဒီအချိန်မဟုတ်ဘဲ ခရီးသွားရာသီမှသာလာခဲ့ရင် အခုထက်ပိုပြီးအဆင်ပြေလိမ့်မှာ။အစ်ကို Hoseokက အိမ်မှာလိုက်တည်းဖို့ ဖိတ်ပေမယ့်လည်း သူသီးသန့်နေရတာကို ပိုသဘောကျတာကြောင့် သီးခြားအိမ်မှာပဲတည်းဖို့ဆုံးဖြတ်လိုက်တာ။

Rose LandWhere stories live. Discover now